အမြို့မြို့အနယ်နယ်သတင်းများ

Aug 07,2020
တာချီလိတ်မြို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများသည် Irrawaddy Green Towers Ltdနှင့် ပူးပေါင်း၍ ကိုဗစ် 19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် အသိပညာပေးလုပ်ငန်း ဆောက်ရွက်ခြင်းကို တာချီလိတ် ဘိုးဘွားရိပ်သာနှင့် လူငယ်ပရဟိတဂေဟာတို့၌ ယမန်နေ့က သွားရောက် ပြုလုပ်ခဲ့ကြ ကြောင်းသိရှိရသည်။
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ Cash For Work စီမံကိန်းဖြင့် အကောင် အထည် ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (၆) ရွာအနက် ကျော်ဇင်ကျေးရွာအုပ်စု၊ အုန်းပင်စု‌ကျေးရွာ၌ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ယမန်နေ့မွန်းလွဲ ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့သည်။
Aug 07,2020
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သာသနာ့ဗိမာန်တော်တည်ဆောက်နိုင်ရေးအတွက် ဆရာတော်၊ သံဃာတော်များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်သံဃနာယကအဖွဲ့ရုံး ဓမ္မဝါသီကျောင်းတိုက်၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
Aug 07,2020
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ရာသီစာကြောင်လျှာသီးများ ထွက်ပေါ်နေလျက်ရှိရာ ရောင်းအားကောင်း၍ စျေးကောင်းရရှိပြီး ဝင်ငွေကောင်း လျက် ရှိကြောင်း သိရသည်။
Aug 07,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ အုန်းပင်စုကျေးရွာတွင် ဆောင်ရွက်မည့် ကျေးလက်ဒေသ မီးလင်းရေးနှင့် ကျေးရွာဆက်သွယ်ရေးလမ်း ဖောက်လုပ်နိုင်ရေး အတွက် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူများက ယမန်နေ့ နေလယ်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Aug 07,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသည့် နေရပ်ပြန် (၁)ဦးကို ယမန်နေ့ နံနက်ပိုင်းက မက်မန်းမြို့နယ် မင်းရန်အောင်ခန်းမ Facility Quarantine Center ၌ အသွားအလာကန့်သတ်ကာလ ၂၁ ရက် စောင့်ကြပ်ကြည့်ရှုထားရှိကြောင်း သိရသည်။
Aug 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့အလယ်ပိုင်းရပ်ကွက် သီဟလမ်းနှင့် အနော်ရထာလမ်းဒေါင့် CBဘဏ်အတွင်းသို့ ယနေ့နံနက် ၁၀ နာရီခွဲ အချိန်ခန့်က မိုးကာအင်္ကျီ အဖြူ လက်အိတ်အမဲကို ဝတ်ဆင်လာပြီး