Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကော့ကရိတ်မြို့ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်
Aug 07,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် သြဂုတ်လ ၂ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်ပျက်စီးခဲ့သော မိသားစုဝင်များအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Aug 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ နယ်အတွင်း၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့၌ (၅) နှစ်အောက်ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေး
Aug 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်တွင် အသက် (၅) နှစ်အောက် ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချ ဆေးများကို မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနတွင် ယနေ့နံနက် (၉) နာရီအချိန်က စတင်တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း မီးသွေးမီးဖိုထုတ်လုပ်မှုများ ရောင်းအားကျဆင်း
Aug 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် ၁၀ ရပ်ကွက်ရှိ စပါးနှံတံဆိပ် မီးသွေးမီးဖိုလုပ်ငန်းမှ Covid -19 ရောဂါဖြစ်ပွားစဥ်ကာလအတွင်း မီးသွေးမီးဖိုရောင်းအား ၃ ပုံ ၁ ပုံခန့် ကျဆင်းသွားကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်၌ မိုးရွာသွန်းမှုကြောင့် သစ်ပင်ကြီး နှစ်ပင် အမြစ်လန်၍လဲကျ
Aug 07,2020
မြန်အောင်၌ မိုးရွာသွန်းမှုကြောင့် ယနေ့ နေ့လယ်က မြန်အောင်မြို့ အမှတ်(၅) ရပ်ကွက် တာကြီးတန်းလမ်းရှိ ညောင်ပင်နှင့် အမှတ်(၁)ရပ်ကွက် ပြည် သူ့ဆေးရုံဝန်းအတွင်းရှိ မလေးရှားပိတောက်ပင်တို့ အမြစ်မှလန်၍ လဲကျခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ထားရှိမှုများစစ်ဆေးခြင်းနှင့် Mask လှူဒါန်…
Aug 07,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျောင်းများအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအပေါ် အလေးထား၍ မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းသို့ ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်တွင် အရေးပေါ်ရိက္ခာ စားအုံးဆီများ သိုလှောင်ထားရှိ
Aug 07,2020
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ဝယ်ယူသည့် အရန်ရိက္ခာစားအုံးဆီများကို စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချူပ်ရေးဉီးစီးဌာနရှိ ပြည်သူဝင်ဆောင်မူရုံး (OSS) တွင် အရန်ရိက္ခာဆီပုံးများကို စတင်လက်ခံသိုလှောင်ထားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့၌ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာလုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက်သူများအ…
Aug 07,2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ လုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ဒုတိယအကြိမ် ပေးအပ်ချီးမြှင့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဝရတ်အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်က မုဒိတာစကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27012
Page
27013
Page
27014
Page
27015
Current page
27016
Page
27017
Page
27018
Page
27019
Page
27020
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department