အမြို့မြို့အနယ်နယ်သတင်းများ

Sep 27,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ် ခရိုင်၊ ပုံပါကျင်မြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး မြန်မာ၊ရှမ်း နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁ဝနာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၂)ရပ်ကွက်နှင့်အမှတ်(၄)ရပ်ကွက် များသို့သွားရောက်နှိုး‌ဆော်ခဲ့သည်။
Sep 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်နေပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ရရှိစေရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် 6.6 KV ဓာတ်အားလိုင်းကြိုး အသစ်လဲလှယ်တပ်ဆင်ခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ ခနောင်တိုအရှေ့ရပ်ကွက်၊ ဗိုလ်တေဇလမ်းတွင် လျှပ်စစ် ဝန်ထမ်းများမှ ဆောင်ရွက်လျက်ရှိသည်။
Sep 27,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်းရှိ အသက်၈၅နှစ်နှင့် အထက် သက်ကြီးဘိုးများအတွက် ၂၀၂၀-၂၀၂၁ဘဏ္ဏာရေးနှစ်တတိယသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်အတွင်းရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Sep 27,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တေထာင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယ​မန် နေ့ နေ့လယ်(၁)နာရီ အချိန်က ဗိုလ်တထောင်မြို့နယ် အမှတ်(၂)ရပ်ကွက်၊ အမှတ်(၆၅၆) အလုပ်ရုံ လျှပ်/စက်တပ်တွင်း ဓမ္မာရုံ၌ ပြုလုပ်ပြီ နိုင်ငံသားစိစစ်​ရေးကတ်ပြားများ ပြည်သူများ လက်ဝယ် အရောက် ပေးအပ်ခဲ့​ကြောင်း သိရသည်။
Sep 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ယမန်နေ့ ည ၇ နာရီအချိန်တွင် အသက် ၅၅ နှစ်အထက် ပြည်သူများအား ကို ဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေး လှည့်လည် အသိပေးကြေညာခဲ့သည်။
Sep 27,2021
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ထေရဝါဒဘုန်တော်ကြီးကျောင်း၌ရောက် ရှိ‌နေသည့် စစ်ဘေးရှောင်ပြည်သူများနှင့်ကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများအားကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးအားယနေ့ နံနက် ၁၀:၀၀နာရီအချိန်က အခမဲ့ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။