အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ တာချီလိတ်ခရိုင်၊တာလေမြို့ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ယနေ့နံနက်ပိုင်းက"တာဝန်သိစိတ် တာဝန်ယူစိတ်" စာအုပ်မှ စာရေးဆရာ ရွှေစကား ရေးသားသည့် "တာဝန်သိစိတ် တာဝန်ယူစိတ်" ခေါင်းစဉ်ဖြင့်စာဖတ်ဝိုင်း ကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းမျဥ်းစည်းကမ်းများနှင့်အညီကျင်းပခဲ့သည်။
Nov 19,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ငါးခြောက်ကျွန်း ကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်လိုသော ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Nov 19,2021
ပြည်တော်-မကွေး(ကံပြား)လမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသော တောင်သူ(၁၂)ဦး၏ သစ်တောယာမြေ (၅၁.၁၀) ဧကအတွက် လျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ဥတ္တရသီရိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 19,2021
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းကာကွယ်ကုသ ထိန်းချုပ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကူညီပါ၀င်ဆောင်ရွက်ခဲ့ကြသည့် ပရဟိတ ပုဂ္ဂိုလ်များအား ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်အုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Nov 19,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြခံပညာ ဦးစီးဌာတို့ပူးပေါင်း၍ ယနေ့ နံနက်၉နာရီက ရမည်းသင်းခရိုင် လူထုအခြေပြု ဗဟို ဌာနတွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပပြုလုပ်သည်။
Nov 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိနိုင်ရန်အတွက် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အမျိုးသားနေ့ဆိုင်ရာ အသိပညာပေး ဓာတ်ပုံများ၊ စာစောင်များကို နံရံကပ်ပြဘုတ်ပြုလုပ်၍ ယနေ့နံနက်ပိုင်းက ပြသခဲ့ကြောင်း သိရသည်။
Nov 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲအမျိုးမျိုးအနက် မြေထောက်ပဲကို ပိုမိုစိုက်ပျိုးကြကြောင်း ပိုးစာကုန်းကျေးရွာမှ တောင်သူများထံမှ သိရသည်။