ဝေါမြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း Maskတပ်ရန် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိ

ဝေါ  နိုဝင်ဘာ    ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ယမန်နေ့နံနက်ပိုင်းက ဝေါမြို့ဘူတာလမ်းဆုံတွင် ကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်းနှင့် နှာခေါင်း စည်း (Mask)များတပ်၍ အိမ်အပြင်သို့ထွက်ရန် အသိပညာပေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းနိုင်နှင့် တာဝန်ရှိသူများက. ပြင်ပသို့  သွားလာကြသော  ပြည်သူများနှင့် မော်တော်ယာဉ် များပေါ်တွင် လိုက်ပါလာသူများအား   နေအိမ်ပြင်ပသို့သွားလာပါက  နှာခေါင်းစည်း (Mask) များကို စနစ် တကျ တပ်ဆင်ပြီးမှ  သွားလာကြရန်၊  လက်ကိုမကြာခနဆေးကြောရန်၊  ဟောင်းနွမ်း (Mask) များကို  မတပ်ဆင်ကြရန် စသည့် ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို   ပြောကြားပြီး  နှာခေါင်းစည်း (Mask) များစစ်ဆေးခြင်းဖြင့်  နှာခေါင်းစည်း (Mask) မတက်လာသူများအား နှာခေါင်းစည်း (Mask)တက်၍ အိမ်ပြင်ထွက်ရန် ပညာပေးစကား ပြောကြားပြီးနှာခေါင်းစည်း (Mask) များဝေငှခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း