အမြို့မြို့အနယ်နယ်သတင်းများ

Nov 20,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက်၈နာရီ မိနစ် ၃၀ အချိန်က ကျောက်လုံးကြီး ကျေးရွာအုပ်စုရှိ တောင်သူဦးချမ်းမွန်၏လယ်၊ ကွင်းအမှတ် ( ၇-ခ )၊ ဦးပိုင်အမှတ် ( ၁၀၉) ရှိ ပေါ်ဆန်းရင်မျိုးစပါး(၆၆)ပေ၊ မိုးစပါးစံကွက်ရိတ်သိမ်းရာ (၈၄)တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။
Nov 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် နိုင်ငံသားတစ်ဦး၏တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို ယမန်နေ့က ပုံပါကျင်မြို့၊ အမှတ်(၃)ရပ်ကွက်၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက အခြေခံပညာ အထက်တန်းကျောင်း (ကျွန်းလှ) နှင့် အခြေခံပညာ အထက်တန်း ကျောင်း (သစ်ရာမြိုင်) ဆေးထိုးစုတို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 20,2021
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ယမန်နေ့တွင် ရေဖြူမြို့၊ ပုလဲကူကျေးရွာ၌ နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 20,2021
၏ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြု ဗဟိုဌာန (Community center)ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့(အကြို) အထိမ်းအမှတ်အဖြစ် ပန်းချီဆွဲပြိုင်ပွဲနှင့် မုန့်စားပြိုင်ပွဲများကို နိုဝင်ဘာလ(၂၀)ရက် နံနက်(၁၁)နာရီ အချိန်က ကျင်းပခဲ့သည်။
Nov 20,2021
စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ကလေးခရိုင် အဆင့်ဌာနဆိုင်ရာများတွေ့ဆုံ၍ လမ်းညွှန်မှုခံယူပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ် စုပေါင်းရုံးအစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Nov 20,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး Talk Show ကို ယ‌မန်‌နေ့ နံနက် ၁၁နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 20,2021
မန္တလေးတိုင်းဒေကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း လျော့ချရေးနှင့် ရောဂါကြောင့် သေဆုံးမှုနှုန်း လျော့ကျလာစေရေးတို့ အတွက် ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပူးပေါင်းကာ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့နှင့် (၂၀)ရက်နေ့တွင် အမှတ်(၁)ရပ်ကွက်ရှိ သီရိဇေယျာခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။