အမ်း နိုဝင်ဘာ ၂၀
၏ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြု ဗဟိုဌာန (Community center)ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့(အကြို) အထိမ်းအမှတ်အဖြစ် ပန်းချီဆွဲပြိုင်ပွဲနှင့် မုန့်စားပြိုင်ပွဲများကို နိုဝင်ဘာလ(၂၀)ရက် နံနက်(၁၁)နာရီ အချိန်က ကျင်းပခဲ့သည်။
အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပန်းချီဆွဲပြိုင်ပွဲနှင့် မုန့်စားပြိုင်ပွဲများကို ကျောင်းသား ၊ကျေင်းသူများ ဉာဏ်ရည်ထက်မြတ်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ် စေရန်၊ စာကြည့်တိုက်သို့လာရောက်ပြီး စာဖတ်သည့်အလေ့အထများ ရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ် ကြောင်း၊ ပြိုင်ပွဲအမှတ်ပေး စည်းကမ်းချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ချက်များကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာအောင်က အမှတ်-၂ အခြေခံပညာ အလယ်တန်းကျောင်းမှ မှုလတန်းအဆင့်ကျောင်းသားကျောင်းသူများကို ရှင်းလင်း ပြောကြားခဲ့ပြီး ကျောင်းသား ကျေင်းသူ(၂၅)ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့(အကြို)အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီဆွဲပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့် ကျောင်းသားကျောင်းသူများနှင့် ပြိုင်ပွဲဝင်များအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာအောင်နှင့် ဝန်ထမ်းများ၊ မှုလတန်း ကျောင်းအုပ် ဆရာကြီး (အငြိမ်းစား) ဦးခင်မောင်ကြည်နှင့် ဆရာမများက ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆုများနှင့် ဗလာစာ အုပ်များကို အသီးသီးချီးမြှင့်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲအား ကျောင်းသားကျောင်းသူများ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းဖြစ်စဉ်များကို သိရှိနားလည် စေရန်နှင့် ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်ထက်မြတ်လာစေရန်၊ အသိပညာဗဟုသုတ များတိုးပွားလာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။
စိုးမင်းထွန်း