Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝေါလေမြိုင်မြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Nov 22,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Nov 22,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးနိုင်ရေးကို ယမန်နေ့က ကျားထူးစမ်းကျေးရွာအုပ်စုသို့ သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့နယ်တွင် ပင်စင်လစာငွေများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ စနစ်တကျ ထုတ်ပေးလျက်ရှိ
Nov 22,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရပ်ကွက် ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်ရေးနှင့် ကိုဗစ်ကာကွယ်ဆေး Fhase-4 လာရောက်ထိုးနှံကြရန်နှိုးဆော်
Nov 22,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိမှု မဖြစ်ပေါ်စေရေး တို့အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် မြို့နယ်အတွင်းမှ ပြည်သူများ သတ်မှတ်ထားသည့် ကာလတွင် စည်းကမ်းချက်များအတိုင်း သွားလာနေထိုင်ရေး၊ ကာကွယ်ဆေး Fhase-4 လာရောက် ထိုးနှံရေးတို့ကို ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့ပေါ်ရပ်ကွက်နှင့် အနီးအနားရှိ ကျေးရွာများသို့ အသံချဲ့စက်ယာဉ်ဖြင့် လှည့်လည် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်
Nov 22,2021
ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်နှံ့နေမှု အခြေအနေအရ ကူးစက်ပြန့်ပွားမှု လျော့နည်း ပပျောက်စေရေး ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အား မြို့နယ်အတွင်း၌ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်း လုပ်ငန်းများကို နေ့စဉ် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတတိယအသုတ်(ဒုတိယအကြိမ်)ထိုးနှံခြင်းနှင့် ကျန်းမာရေးအသိပညာပေးဆောင်ရွက်
Nov 22,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယ အသုတ်(ဒုတိယအကြိမ်)ထိုးနှံခြင်းအား ဘုရားသုံးဆူမြို့ပြည်ထောင်စုခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီ အချိန်တွင်ထိုးနှံခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေး
Nov 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ ကျောင်းသားကျောင်းသူများကို ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး များ ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀နာရီမှစတင်၍ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းစုရပ်များတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများအား ပိုးကရင်၊ မြန်မာဘာသာတို့ဖြင့် အသိပေး နှိုးဆော်
Nov 22,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကိုဗစ်-၁၉ရောဂါကူးစက်မှုများ မဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာနှင့်ပိုးကရင်ဘာသာစကားတို့ဖြင့် အသိ ပညာပေးနှိုးဆော်မှုများအား လက်ကိုင်စပီကာအသံချဲ့စက် ဖြင့်ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပိန္နဲတောကျေးရွာတွင် အသိပညာပေး လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24245
Page
24246
Page
24247
Page
24248
Current page
24249
Page
24250
Page
24251
Page
24252
Page
24253
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department