ဝေါလေမြိုင်မြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ဝေါလေမြိုင် နိုဝင်ဘာ ၂၂

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ဖြူစင်မိုးက ကျောင်းသား/ ကျောင်းသူကလေးငယ် များအနေဖြင့် စာကြည့်တိုက်သို့ လာရောက်ပြီး စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရန်၊  စာကြည့်တိုက်ကို အသုံးချတတ်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲသို့ အ.မ.က (ဝေါလေမြိုင်) ကျောင်းမှ ကျောင်းသား/သူ ၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုရရှိသော ကျောင်းသား/သူများအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

နိုင်မျိုးသင်း