Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၃)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းတွင် မီးလောင်မှုဖြစ်ပွား
Nov 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၃)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ အမှတ်-၁၂၆၅၊ အေးချမ်းစံ အထူးကုဆေးခန်းတွင် ယမန်နေ့နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ နာရေးကူညီမှု အသင်း(ရန်ကုန်) သီးသန့်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် (၁)စီး ထွက်ခွာငြှိမ်းသတ်ရာ ၁၁ နာရီ ၅၅ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၂ နာရီ အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ကွန်ကရစ်လမ်းဖွင့်ပွဲတက်ရောက်
Nov 27,2021
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များနှင့်အတူ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ လိုက်ပါလျက် ယမန်နေ့ နံနက် ၉ နာရီ အချိန်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဟိုပန်မြို့၊ မိန်းပန်း“ဝ” ရပ်ကွက်၊ ချယ်ရီလမ်းဖွင့်ပွဲအား တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း )မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြခြင်းဆောင်ရွက်
Nov 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ် မီးသတ်ဦးစီးဌာန ခန်းမတွင် ယမန်နေ့နံနက် ၁၀နာရီက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင် ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သမဝါယမအခန်းကဏ္ဍဖြင့် ပြည်သူများအတွက် သမဝါယမအသင်းစုတို့မှ ဈေးနှုန်း ချိုသာစွာ ဖြန့်ဖြူး ရောင်းချပေးမည့် ဆန်၊ ဆီနှင့် ကြက်သွန်များ မြိတ်မြို့သို့ရောက်…
Nov 27,2021
တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ သမဝါယမအခန်းကဏ္ဍဖြင့် ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် မော်လမြိုင်မှ မှာယူထားသည့် ဆန်(၁၂)ပြည်အိတ် (၆၀၀၀)၊ ဆီပိဿာ(၃၀၀)နှင့် ကြက်သွန်နီ ပိဿာ(၁၀၀၀)သည် မြိတ်မြို့သို့ ယမန်နေ့ နေ့လယ်ပိုင်းက တပ်မတော် ရေယာဉ်ဖြင့် ရောက်ရှိလာခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးအရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တိုင်းဒေသကြီးအတွင်းရှိ စားသောက်ဆိုင်ရှင်များနှင့်တွေ့ဆုံ
Nov 27,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်သည် မကွေးတိုင်းဒေသကြီး အတွင်းရှိ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန် က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင…
Nov 27,2021
ပြည်သူများအနေဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ဒေသထွက်သီးနှံများဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံတို့ကို အသုံးပြု ကာ တန်ဖိုးမြှင့်စားသောက်ကုန်များထုတ်လုပ်တတ်စေရန် မကွေးတိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သော တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးအောင်ချိန် တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
“မြန်မာ-တရုတ်နယ်စပ်ကျင်စမ်းကျော့ဂိတ် ကွန်တိန်နာ လဲလှယ်စနစ်ဖြင့် ကုန်သွယ်မှုစတင်ဖွင့်လှစ်”
Nov 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ် မြန်မာ-တရုတ်နယ်စပ်ဂိတ်အားကုန်စည်စီးဆင်းမှု စတင်ရန် ကွန်တိန်နာ လဲလှယ်စနစ်ဖြင့် ယနေ့မန်နံနက် (၁၁)နာရီအချိန်က စတင်ဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်တွင် စားပေးအုပ်စုများအလိုက်ကိုဗစ်ကာကွယ်ဆေး (ဒုတိယ)အကြိမ် ထိုးနှံ ပြီးသူပေါင်း(၇၈၅၇၈)ဦး ရှိပြီဖြစ်
Nov 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်နိုင်စေရန်နှင့်ကူးစက်မှုမရှိ စေရန်ရည်ရွယ် ကာကွယ် ဆေးများကို ဦးတည်အုပ်စုများ အလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီချိန်မှစတင်၍သက်ဆိုင်ရာကာကွယ် ဆေးထိုးနှံမည့် ရပ်ကွက်များတွင် အသက်(၄၅)နှစ်အထက် နှင့် အသက်(၁၈)နှစ်အထက် ရဟန်းရှင်လူပြည်သူများအား(ဒုတိယ)အကြိမ်ကာကွယ် ဆေးများထိုးနှံပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23890
Page
23891
Page
23892
Page
23893
Current page
23894
Page
23895
Page
23896
Page
23897
Page
23898
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department