အမြို့မြို့အနယ်နယ်သတင်းများ

Nov 27,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Nov 27,2021
မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြို့မစျေးကြီးအတွင်းသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေး ချထားမှုအခြေအနေများကို မြို့နယ်တာဝန်ရှိသူများက  ယမန်နေ့နံနက် ၉  နာရီက မြို့မစျေးကြီး အတွင်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Nov 27,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဦးစီးဌာန တို့ ပူးပေါင်းပြီး(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပခဲ့သည်။
Nov 27,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ခြောက်လမြေပဲခေါ် ပင်ပြန်မြေပဲများစတင်နှုတ်သိမ်း နေပြီဖြစ်ရာ မြေပဲများထွက်နှုန်းကောင်းမွန်သော်လည်းပျက်စီးမှုနှုန်းများ နေကြောင်း ငါ့သရောက်မြို့ ကုလားတဲကျေးရွာ မြေပဲစိုက်တောင်သူ ဦးသန်းထိုက် ထံကသိရသည်။
Nov 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ခုတင်(၅၀)ဆံ ပြည်သူ့ဆေးရုံနှင့်ကြက် ခြေနီ အသင်းသို့ASEAN HEALTHမှ အောက်ဆီဂျင်စက်၊ အောက်ဆီဂျင်အိုးနှင့် အသုံးအဆောင် ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကိုနိုဝင်ဘာ ယမန်နံနက် (၁၁)နာရီက ဝါးခယ်မ မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 27,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား လုံးကို နိုဝင်ဘာ ၉ရက်နေ့မှစ၍ နေ့စဉ် မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ် နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ် ဆက်လက် ထိုးနှံပေးကြောင်း သိရသည်။
Nov 27,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဌာနမှ  “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက် ၉ နာရီက ‌ စလူချောင်း ကျေးရွာအုပ်စုတွင်ရှိ ပြည်သူများအတွက် အိမ်ထောင် စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများ  အရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 27,2021
မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများမှ တက္ကသိုလ် (၁၉)ခု ပါဝင်သော ASEAN Festival 2021 ပိတ်ပွဲအခမ်းအနားကို ကျိုင်းတုံတက္ကသိုလ် ခေမရဌ်ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက Video conference ဖြင့်ကျင်းပသည်။ ပွဲတော်တွင် စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှု ဆိုင်ရာ ပြိုင်ပွဲ(၇)မျိုး ပါဝင်ရာ မြန်မာနိုင်ငံကိုယ်စားပြု ကျိုင်းတုံတက္ကသိုလ်က အာဆီယံဟင်လျှာ ပြိုင်ပွဲနှင့် အာဆီယံ ဒီဂျစ်တယ် ဓာတ်ပုံပြိုင်ပွဲတို့တွင် ပထမဆု ရခဲ့ကြောင်းသိရသည်။