အမြို့မြို့အနယ်နယ်သတင်းများ

Dec 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် "လူကုန်ကူးမှုနှင့် အန္တရာယ်ရှိသောရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို Women Club အဖွဲ့ဝင်များဖြင့် ယနေ့မွန်းလွဲ (၁)နာရီအချိန်က ​ပြုလုပ် ခဲ့ကြောင်းသိရသည်။
Dec 16,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှုကော်မတီ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် အိုမီခရွန်(Omicron)အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်းရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဝန်ထမ်းများနှင့်မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်​ ၉ နာရီအချိန်က ကျွန်းတောရပ်ကွက်၊ ကံသာယာမိုးညှင်းတို့၌ အသိပညာပေး နှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 16,2021
ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြစို့ဆောင်ပုဒ်ပါ အစီအစဉ်အတိုင်း ချောင်းဦးမြို့နယ် အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၉ နာရီ အချိန်မှစတင်ပြီး ချောင်းဦးမြို့ အနော်ရထာခန်းမ ဆေးထိုးစုရပ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Dec 16,2021
ပြည်သူများ မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့က ဦးဆောင်ကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံ‌‌ပျော်မြို့နယ်၌ ဒီဇင်ဘာ ၁၆ ရက်က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။