အမြို့မြို့အနယ်နယ်သတင်းများ

Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဘက်စုံထောင့်စုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်၌ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းမှာ သိသိသာသာ လျော့နည်းကျဆင်းလာခဲ့ပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ သိရသည်။
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မှော်ဘီ မြို့နယ်ရုံးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ အသိပညာပေး နံရံကပ်စာစောင်များနှင့် နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီ၏ ဉီးတည်ချက်များနံရံကပ် စာစောင်များကို ပြသထားရာ ယနေ့ နံနက်(၁၁)နာရီ အချိန်က ပြည်သူများလာရောက်ကြည့်ရှုကြကြောင်း သိရသည်။
Dec 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ခမေကြီးကျေးရွာနှင့် သပြေကန်ကျေးရွာများ အတွင်းကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်ပိုင်းက ခမေကြီးကျေးရွာနှင့် သပြေကန်ကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခ ွနေရာများတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
Dec 16,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁- ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် သန်လျင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ မြေသားလမ်းမှ ကွန်ကရစ် လမ်းခင်းမည့် လုပ်ငန်း စတင်ဆောင်ရွက်နေမှုအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 16,2021
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ တဲကြီးကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျေးရွာရှိစာသင်ကျောင်း အစည်းအဝေး ခန်းမတွင် ပြုလုပ်သည်။
Dec 16,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။