အမြို့မြို့အနယ်နယ်သတင်းများ

Jul 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ ကျေးရွာအုပ်စုနှင့် ကျေးရွာနေပြည်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အများဆုံးလုပ်ကိုင်လျက်ရှိပြီး သီးနှံစုံကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံမိုးမြေပဲများကိုလည်း စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်ဆောင်‌ရွက်ပေးမှုနှင့် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ၊ မျိုးစေ့ထုတ်စံပြစိုက်ကွက်များကိုလည်း စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Jul 13,2025
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ဇူလိုင်လ (၁၂) ရက်၊ မွန်းလွဲ (၁) နာရီက လျှော်ဖြူကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
Jul 13,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် (၂၅) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က ရာဇမုနိပရိယတ္တိ စာသင်တိုက်တွင် ကျင်းပပြုလုပ်သည်။
Jul 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် (၉၉.၈၉၆)သန်းဖြင့် ဆောင်ရွက်မည့် ပဆင-သလိပ်ကြီး-တူးမြောင်း-ဂျိုဝါကြံခင်းလမ်း (၀/၃.၆)မိုင်မှ (၀/၅.၆)မိုင်အထိ လမ်းအရှည် (၀.၄၀၂) ကီလိုမီတာ၊ အကျယ်(၄.၈၈)မီတာ၊ ထု (၃၅၀)မီလီမီတာ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအား အရည်အသွေး၊ အတိုင်းအတာ ပြည့်မီစွာဖြင့် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင်ဖျာပုံခရိုင်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
Jul 13,2025
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ရပ်ကွက်ကျေးရွာပေါင်းစုံ မိုးရာသီ (အလွတ်တန်း) အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၂ နာရီက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 13,2025
မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ပြန်လည်ပြုပြင်မွမ်းမံရန် သီတဂူဗုဒ္ဓတက္ကသိုလ်မှ အလှူငွေလှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွှဲပိုင်းက (သီရိရွှေစင်) ကျောင်းအောက်ထပ်၌ ကျင်းပခဲ့သည်။
Jul 13,2025
ဇူလိုင်လ ၁၂ ရက် နံနက် ၈ နာရီခန့်က ရွှေလောင်းမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Jul 13,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဒုတိယအကြိမ်ဖွင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီက မြေတိုင်း‌ကျောင်း ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။