Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဘိုကလေးမြို့နယ်တွင် မိချောင်းကိုက်ခံရ၍ ဆေးဝါးကုသနေသူအား ကူညီထောက်ပံ့
Jun 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ကဒုံကနိကြိုးဝိုင်း၊ ပျဉ်ဒရယ်ကြိုးဝိုင်းတို့နှင့် ဆက်စပ်ရာ သဘာဝဒီရေတောများသည် ရေချိုရေငန်စပ် မိချောင်းများ မျိုးပွားခိုလှုံရာ ကျက်စား သည့် နေရာများဖြစ်သည့်အပြင် ယခုရာသီ ဧပြီလမှ ဇွန်လအထိ မိချောင်း များ၏ သဘာဝအမူအကျင့်အရ မိတ်လိုက်ရာသီ ဖြစ်သည့်အတွက် ဒီရေတောများနှင့် ဆက်စပ်နေထိုင်ကြသူများအဖို့ မိချောင်းအန္တရာယ် မလွဲမသွေ ရှိနေကြ သည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ် ရှမ်းရွာကျေးရွာတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေဆီလွှာ ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Jun 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေဆီလွှာ ထည့်သွင်းစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်း၌ ရှမ်းရွာကျေးရွာအုပ်စု ရှမ်းရွာကျေးရွာ ကွင်းအမှတ်(၁၁၅၅)၊ ဦးပိုင်(၅၈) တောင်သူဦးအုန်းသန်း၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့၌ တိရစ္ဆာန်အစာ နေဗီယာမြက်သရုပ်ပြစိုက်ခင်း ကွင်းဆင်းကြည့်ရှု
Jun 23,2022
ဘားအံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဘားအံမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် (၁၁) နာရီက ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာရှိ တောင်သူဦးအေးထွန်းအောင် စိုက်ပျိုးထားသော (၂) ဧကခန့်ရှိ နေဗီယာမြက်သရုပ်ပြစိုက်ခင်း စိုက်ပျိုး ထားရှိမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေး ဆက်လက် ထိုးနှံပေး
Jun 23,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၅ နှစ်အထိ အခြေခံပညာ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းနေပြင်ပ ကလေးများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး လျက်ရှိပြီး အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှုကာလ ၆ လနှင့် အထက်ရှိသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster dose)ထပ်ဆောင်း ထိုးနှံပေးလျက်ရှိရာ မြို့နယ်တွင်း၌ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရန် ယမန်နေ့ နံနက် ၈ နာရီခွဲက မန်းသံပုရာကန် ရေနံဓာတုဗေဒစက်ရုံမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် မိုးရာသီ ရေဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြပွဲအခမ်းအနားကျင်းပ
Jun 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မိုးရာသီရေဘေးအန္တရာယ် ကာကွယ်ရေးသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက နတ်ပေးကျေးရွာအုပ်စုရှိ နတ်ပေးရေကင်းစခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး
Jun 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တူးချောင်း ကျေးရွာအုပ်စုနှင့် ညောင်ဝိုင်းကျေးရွာအုပ်စုတို့ရှိ တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ခွဲရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုအသိပညာပေးဟောပြော
Jun 23,2022
၂၀၂၂ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်မည့် (၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲကို အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာများရရှိစေရေးအတွက် ရည်ရွယ်ကာ ယမန်နေ့ မွန်းလွဲ(၁)နာရီက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရာပြည့်ခန်းမတွင် ဖြူးမြို့နယ် ရဲတပ်ဖွဲ့၊ မြို့မရဲစခန်းမှ ပြုလုပ်ခဲ့ကြောင်း သိရသည်။.0
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 23,2022
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့နေ့လယ်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20209
Page
20210
Page
20211
Page
20212
Current page
20213
Page
20214
Page
20215
Page
20216
Page
20217
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department