အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တိရစ္ဆာန်အစာ ပေါများစေရေးအတွက် ရည်ရွယ်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ တိရစ္ဆာန်အစာပင်(နေပီယာမြက်)သရုပ်ပြစိုက်ပျိုးခြင်းကို သာယာကုန်းကျေးရွာ၊ တောင်သူ ဦးငြိမ်းအောင်သူ၏ ခြံတွင် ယနေ့ နံနက်(၈)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 23,2022
၂၀၂၂ ခုနှစ်၊ မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်​ မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှ ​မွေးမြူတိရစ္ဆာန်များ အစာ​ရေစာရှားပါးမှုအန္တရာယ်မှ ကာကွယ်ရန်နှင့် အာဟာရပြည့်ဝ​သော မြက်မျိုးများကို စားသုံး​စေခြင်းဖြင့် ကြီးထွားနှုန်းလျင်မြန်​ကောင်းမွန်​စေပြီး မိသားစုဝင်​ငွေတိုးတက်ရရှိလာ​စေရန် ရည်ရွယ်၍ တိရစ္ဆာန်အစာ​နေ ဗီယာမြက်ပင် သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်​နေ့က ခဲမဖြူ​ကျေးရွာ ​ဦး​စောတင်လှ၏ယာ​မြေ(၁)ဧကတွင် ပြုလုပ်ခဲ့ရာ မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ​ ဇော်မြင့်​အောင်နှင့် ဝန်ထမ်းများ၊ စိုက်ပျိုး တောင်သူများ တက်​ရောက်စိုက်ပျိုးခဲ့ကြ​ကြောင်း သိရသည်။
Jun 23,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် မြို့ပေါ်ရှိ မြန်မာတိုင်းရင်းဆေးဆိုင်များ၊ နိုင်ငံခြား ဆေးဝါးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များ၌ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်အတွင်း ရောင်းဝယ် နေမှု ရှိ/မရှိကို ယနေ့ နံနက် ၁၀ နာရီခန့်က မြို့နယ် တိုင်းရင်းဆေးဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ခိုင်လတ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွန်းလွင်၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Jun 23,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏  ၂၀၂၂ ခုနှစ် မိုးရာသီ တိရစ္ဆာန် အစာပင် (Taykuan) တေခူယံမြက်စိုက်ပျိုးခြင်း အခမ်းအနားကို ဇွန် ၂၃ ရက် နံနက် နာရီက ၉ နာရီက ဝဲကလိကျေးရွာ အမှတ်(၄) တပ်မတော် တန်းမြှင့်လေ့ကျင့်ရေးကျောင်း စိုက်ပျိုးမွေးမြူရေးဇုန်တွင် ကျင်းပ ပြုလုပ်သည်။
Jun 23,2022
မလှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူတို့အား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအားထိုးနှံလုပ်ငန်း ရာနှုန်းပြည့် ထိုးနှံပြီးစီးကြောင်း သိရသည်။
Jun 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်းအကြိမ် (Booster Does)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့လယ်လေးမျက်နှာဇာတ်ရုံတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
Jun 23,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ်အဖြစ် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးဟောပြောပွဲကို ယနေ့နေ့လယ် (၁၂) နာရီအချိန်က ပြုလုပ်ခဲ့သည်။