အမြို့မြို့အနယ်နယ်သတင်းများ

Jun 30,2022
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ဇော်မျိုး၊ မြင်းခြံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့်အဖွဲ့ဝင်များသည် မြင်းခြံတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/သူများနှင့် တွေ့ဆုံခြင်းကို ယမန်နေ့နေ့လယ်(၃) နာရီအချိန်က မြင်းခြံ တက္ကသိုလ်ပင်မဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 30,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊  တပ်ကုန်းမြို့နယ်၊ မြို့နယ်ကျုးကျော်အဆောက်အဦများ ဖယ်ရှားရှင်းလင်းရေးကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ရန်ကုန်-မန္တလေး ကားလမ်း၊ မြို့ဝင်/ထွက်တိုးဂိတ်အနီး၊ ရှောက်ကုန်းကွင်း၊ လမ်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနပိုင် လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင်ကျူးကျော်ဆောက်လုပ်ထားသည့်အဆောက်အဦများကို ယမန်နေ့နံနက်ပိုင်းက စတင်၍ ဖယ်ရှား ရှင်းလင်းခဲ့သည်။
Jun 30,2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးဉာဏ်ဝင်းနှင့်အဖွဲ့များက ဇွန် ၂၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jun 30,2022
ရန်ကုန်အ​နောင်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင်  ကိုဗစ်-၁၉ ကာကွယ်​ဆေး ရာနှုန်းပြည့်ထိုးနှံရေးအတွက်  ဦးတည်အုပ်စုများအလိုက်ထိုးနှံ​ပေးလျက်ရှိရာ ယ​နေ့တွင်  အလုံမြို့နယ်ခန်းမတွင် Phrase-11 ဒုတိယအကြိမ်ထိုးနှံသူ(၇)ဦး၊   Booster ထိုးနှံသူ(၅၀)ဦး၊ စုစု​ပေါင်း(၅၇)ဦးတို့အား ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။
Jun 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် အောင်မဂႅလာရပ်ကွက်ရှိ ဥယျာဉ်ကျောင်းတိုက်ဆရာတော်က အဝိုင်းကျေးရွာအုပ်စု အခြေခံပညာမူလတန်းကျောင်းနှင့် အခြေခံပညာမူလတန်းလွန်ကျောင်းတို့မှ ကျောင်းသား/သူများအား ကျောင်းသုံးစာရေးကိရိယာပစ္စည်းများ ထောက်ပံ့လှူဒါန်း ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Jun 30,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူနှင့်အဖွဲ့ဝင်များ၊ လောင်းလုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထိုက်နှင့်အဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏စီစဉ်မှုဖြင့် အများပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့နံနက်(၈)နာရီအချိန်မှစတင်၍
Jun 30,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက် ဝန်းသိုဘုန်းတော်ကြီးကျောင်းလမ်း ဧရာဝတီမြစ်ကမ်းဘေးတွင် ငြိမ်းချမ်းရေးဓာတ်တော်တိုက်စေတီတော် တည်ထားကိုးကွယ်နိုင်ရေးအတွက် ပန္နက်တော်တင်၊ တွင်းတော်ဝန်း ရတနာအုတ်မြစ်တော်စီနှင့် ပထမအကြိမ်အလှူတော်ငွေ ပေးအပ်ပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါစေတီတော် တည်ထားကိုးကွယ်မည့် ဝတ္တကမြေနေရာ၌ ကျင်းပပြုလုပ်သည်။