အမြို့မြို့အနယ်နယ်သတင်းများ

Jun 30,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ် မိုးလုံလေလုံခန်းမ၌ မုံရွာတက္ကသိုလ် ၂၀၂၂-ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ မုံရွာတက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီ နာယက ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်းနှင့် ပြိုင်ပွဲကျင်းပ‌ရေးဆပ်ကော်မတီမှ တာဝန်ရှိသူများ ပြိုင်ပွဲဝင်အသင်းများနှင့် ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြသည်။
Jun 30,2022
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့ မြို့မဈေးကြီးကြပ်မှုကော်မတီရုံးအတွင်း ယနေ့နံနက် ၇ နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီး (၆)လကြာပြီဖြစ်သည့် ဈေးသူ/သားများ၊ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးဆရာ/မများက  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်း(Booster Dose)ကို  ထိုးနှံပေးကြောင်း သိရသည်။
Jun 30,2022
၂၀၂၂-ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူ၊ နည်းပြများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jun 30,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်း(အခမဲ့)ကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
Jun 30,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ယမန်နေ့က စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်ပပြုလုပ်ခဲ့သည်။
Jun 30,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အထက(ခွဲ)၊ အလက(၃) အခြေခံပညာကျောင်းများတွင် ရောင်းချနေသော ကျောင်းမုန့်ဈေးဆိုင်များတွင် ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းချခြင်းမရှိစေရေးအတွက် ကျောက်မဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 30,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယမန်နေ့က ထပ်လုံစေတီတော်မြတ်ကြီးရင်ပြင်တော်၌ ပျက်စီးနေသောကြွေပြားများကို အသစ်လဲလှယ်ကုသိုလ်ယူခဲ့ကြောင်း သိရသည်။