Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပွင့်ဖြူမြို့နယ် တောင်မုန်းဆည်ရေသောက်ဧရိယာရှိ လက်တံ(၃)ရေပေးမြောင်းအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးသဖြင့် လယ်ဧက ၁၂၀ ကျော်အတွက် စိုက်ပျ…
Oct 11,2022
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဌာနခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် တောင်မုန်းမြောင်းမကြီးဆည်ရေသောက်ဧရိယာအတွင်းရှိ လက်တံ(၃) ရေပေးမြောင်းအား ရေစီးရေလာကောင်းမွန်စေရေးအတွက် စက်ယန္တရားများဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သဖြင့် လယ်မြေဧက ၁၂၀ ကျော်အတွက် စိုက်ပျိုးရေ အဆင်ပြေစွာ ရယူသုံးစွဲခွင့်ရရှိခဲ့ကြောင်း အဆိုပါ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့၌ (၃၂) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
Oct 11,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့လုံးကျွတ် (၃၂) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လှည့်လည်ပွဲကို ယမန်နေ့ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ဆက်လက် ထိုးနှံပေး
Oct 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှု ကာလ ၆ လနှင့်အထက် ရှိသူများအား ထပ်ဆောင်းကာကွယ်ဆေးအဖြစ်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံတွင် ဆက်လက်ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေး
Oct 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူ များ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ် အရောက် လိုက်လံငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၁) နာရီက မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ (၂၅) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရာများ မြို့တွင်းသို့ ဒေသစာရီ လှည့်လည်အပူဇော်ခံ
Oct 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်သူ၊ မြို့နယ်သားများ ဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် ရပ်ရွာအေးချမ်းသာယာဖွံ့ဖြိုးစေရေး ရည်ရွယ်၍ နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်းနှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ဒေသစာရီလှည့်လည် အပူဇော်ခံပွဲကို ယမန်နေ့ ညနေ (၆)နာရီက စတင်၍ လှည့်လည် အပူဇော်ခံလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ငါ့သရောက်မြို့တွင် တစ်နိုင်တစ်ပိုင် တိုင်ထောင်ပဲစိုက်ပျိုးရောင်းချရသူများ အဆင်ပြေ
Oct 11,2022
မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့၊ အမှတ်(၂) ပျဥ်းပင်ရက်ကွက်တွင် မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန် မိုးရေကိုအမှီပြုပြီး တစ်နိုင်တစ်ပိုင် တိုင်ထောင်ပဲစိုက်ပျိုးရောင်းချရသူများ အောင်မြင်ဖြစ်ထွန်းပြီး မိသာစုအပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး စစ်ဆေးဆောင်ရွက်
Oct 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းရှိစေရေး ပညာပေးစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့အဝင်၊ အထွက် ကြိုဆိုပါ၏လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Oct 11,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေစေရန်အတွက် ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)နှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေဖြင့် ကျေးရွာတွင်းမြေသားအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ စက်တင်ဘာ ၂၅ ရက်နေ့က ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18506
Page
18507
Page
18508
Page
18509
Current page
18510
Page
18511
Page
18512
Page
18513
Page
18514
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department