Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စလင်းမြို့နယ်တွင်အသက် ၁၁၅နှစ်ရှိ အသက်ကြီး ဘိုးဦးမြဒင်အားထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
Oct 11,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အရှေ့ရှားတောကျေးရွာအုပ်စု အရှေ့ရှားတောကျေးရွာရှိ အသက် ၁၁၅ နှစ်ရှိ အသက်ကြီးအဘိုးအား ပွင့်ဖြူမြို့နယ် လူမှုဝန်ထမ်းရုံးနှင့် စလင်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ယနေ့နံနက် ၁၁ နာရီအချိန်က လှူဖွယ်ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Oct 11,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှမထိုးနှံရသေးသူများ၊ အကြိမ်ပြည့်ထိုးနှံပြီး ခြောက်လပြည့်ပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြို့နယ်တွင် အခြေခံရှေးဦးပြုစုခြင်းသင်တန်း ၁/၂၀၂၂ ဖွင့်လှစ်
Oct 11,2022
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား အခြေခံရှေးဦးပြုစုခြင်း သင်တန်းအမှတ်စဉ် ၁/ ၂၀၂၂ ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဆိပ်ဖြူမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအသိပညာပေးကွင်းဆင်းဆွေးနွေး
Oct 11,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် အသိပညာပေးဆွေးနွေးပွဲများကို ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ကျပ်ကွင်းကျေးရွာတွင် ကွင်းဆင်း၍ ဒေသခံတောင်သူများထံအရောက် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်အတွင်းရှိ ရွာလွတ်ဈေးတွင် မီးဘေးလုံခြုံမှုရှိစေရေး မီးသတ်ဆေးဗူးနှင့် မီးချိတ်မီးကပ်များစစ်ဆေး
Oct 11,2022
ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ မလိုလားအပ်သည့် မီးဘေးပြဿနာများ မဖြစ်ပေါ်စေရေးအတွက် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများအား မီးဘေးလုံခြုံမှုရှိစေရေး၊ ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများကို ယနေ့နံနက်က မြို့နယ်မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ရွာလွတ်ဈေး အတွင်းမီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့၌ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Oct 11,2022
၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့ ရဟန်းသံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း ကောင်းမှုကုသိုလ်အလှူ ဒါနပွဲတော်ကြီးအား ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယမန်နေ့ ညနေ ၃နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ်
Oct 11,2022
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီအသင်း(ခွဲ)တို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို အောက်တိုဘာ ၁၁ ရက် နံနက်၉နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးလူထုအခြေပြုဗဟိုဌာနခန်းမ (Community Centre)၌ ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်၊ ကလေးစာဖတ်ခန်းတွင် အရုပ်ခေါက်ပြိုင်ပွဲ ကျင်းပ
Oct 11,2022
မဟာအောင်မြေမြို့နယ်၊ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် (၁၁) နာရီအချိန်က အရုပ်ခေါက် ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18505
Page
18506
Page
18507
Page
18508
Current page
18509
Page
18510
Page
18511
Page
18512
Page
18513
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department