Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဇလွန်မြို့၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီတွင် မဟာသာကျေးရွာအုပ်စု မဟာသာကြီး ဘုန်းတော်ကြီးကျောင်းတိုက်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြခရိုင်နှင့်လပွတ္တာခရိုင်အတွင်း မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေးနှင့် မဲရုံများ လျာထားသတ်မှတ်ခြင်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 16,2022
မြောင်းမြခရိုင်နှင့်လပွတ္တာခရိုင်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူများအား ဥပဒေနှင့်အညီ စက်တင်ဘာလကုန်အထိ လစဉ်စိစစ်ပြုစုထားသည့် လူဦးရေစာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနှင့် မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်အတွင်းရှိ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများက ပူးပေါင်းစိစစ် ဆောင်ရွက်ထားမှုနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွန်း၊ အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့နှင့် ယနေ့နံနက် ၉ နာရီတွင် မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ ပုညသဟာယ နေ့စဉ်အရုဏ်ဆွမ်းလောင်း အသင်းတွင် သံဃာတော်များအား အရုဏ်ဆွမ်း လောင်းလှူ
Oct 16,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ သံဃာတော် များအား အရုဏ်ဆွမ်းလောင်းလှူခြင်းကို ယနေ့ နံနက် (၅) နာရီ အချိန်က မြင်းခြံ ပုညသဟာယ နေ့စဉ်အရုဏ်ဆွမ်းလောင်းအသင်းတွင် လောင်းလှူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာများအသင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Oct 16,2022
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့မွန်းလွဲ ၁၃:၀၀ နာရီက မြို့နယ်စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့ Association of World Election Bodies (A-WEB) ၏ (၅) ကြိမ်မြောက် အ…
Oct 16,2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့သည် တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့တွင် ကျင်းပမည့် Association of World Election Bodies(AWEB) Bodies (A-WEB) ၏(၅) ကြိမ်မြောက် အထွေထွေညီလာခံသို့ တက်ရောက်ရန် လေကြောင်းခရီးစဉ်အမှတ် SQ 761 ဖြင့်ယနေ့နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။
အပြည့်အစုံ ဖတ်ရန်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဆောက်လုပ်နေသည့်နေရာအား ကြည့်ရှုစစ်…
Oct 16,2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့၌ လူထုအခြေပြုဗဟိုဌာန (Community Centre) ဆောက်လုပ်နေသည့် အခြေအနေအား အရည်အသွေးပြည့်မှီစေရေးနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံခရိုင်၊ မိုင်းယန်းခရိုင်နှင့် မက်မန်းခရိုင်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်နိုင်ရေး ညှိ…
Oct 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းခရိုင်နှင့်မက်မန်းခရိုင်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံများလျာထား သတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၃ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့နယ်တပ်တောင်မြို့၌ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် တည်ဆောက်ရေးလုပ်ငန်းများအတွက် အစည်းအဝေးကျင်းပ
Oct 16,2022
ရခိုင်ပြည်နယ် အမ်းခရိုင် တပ်တောင်မြို့၌၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခွင့်ပြုသည့် တပ်တောင်မြို့အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလ အချိန်မီပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ယနေ့နံနက်၉ နာရီ၃၀ အချိန် မြို့အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18316
Page
18317
Page
18318
Page
18319
Current page
18320
Page
18321
Page
18322
Page
18323
Page
18324
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department