အမြို့မြို့အနယ်နယ်သတင်းများ

Oct 17,2022
ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နံနက်(၀၉:၀၀)နာရီအချိန်က ကမာရွတ်မြို့နယ် အမှတ် ၉ ရပ်ကွက်ရှိ အခြေခံပညာမှုလတန်းကျောင်း အမှတ်(၂)ပညာတန်ဆောင်ခန်းမ၌ ကမ္ဘာ့ရှေးဦးသူနာပြုနေ့၌ ဆုရဂုဏ်ထူးဆောင်တပ်ဖွဲ့ဝင်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
Oct 17,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် သီတင်းကျွတ်လပြည့်ကျော် ၈ ရက်နေ့အဖြစ် ၁၀၈ ကြိမ်မြောက် ဆွမ်း၊ ဆွမ်းဟင်းနှင့်ဘောဇဉ် ဝတ္ထုငွေများ လောင်းလှူပွဲကို ယနေ့နံနက် ၆ နာရီက ဘန်းယဉ်ကျေးရွာအုပ်စုအတွင်းရှိ ဝိသုန္ဒိစာသင်ကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Oct 17,2022
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက တောင်ကုတ်ခရိုင်ဌာန ဆိုင်ရာရုံးများဖွင့်ပွဲတက်ရောက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Oct 17,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် (၁၀)ရှိ မိုးကုတ်ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး၏ (၁၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ သံဃာဒါနဆွမ်းလောင်းလှူပွဲကို ယနေ့နံနက်(၈)နာရီ ခွဲအချိန်က အဆိုပါကျောင်းတိုက်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
Oct 17,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို အပတ်စဉ်တနင်္လာနေ့ နံနက်(၉)နာရီအချိန်မှစတင်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိ ဆရာမများက ဆောင်ရွက်ပေးလျက်ရှိသည်။
Oct 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့ နာရီစင်ရှေ့တွင် ရောင်းချပေးကြောင်း သိရသည်။
Oct 17,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အနီးပတ်ဝန်းကျင် ကျေးရွာများတွင် ဩဂုတ်လနှင့် စက်တင်ဘာလတွင် စိုက်ပျိုးသည့်အားလူးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း အားလူစိုက်တောင်သူတစ်ဦးထံမှ သိရသည်။