Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လောင်းလုံး မြို့နယ်တွင် အိုမီခရွန် ဗီဇပြောင်းကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရန်အသိပေး နှိုးဆော်ခြင်းများဆောင်ရ…
Oct 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံး မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါမျိုးဗီဇပြောင်းအိုမီ ခရွန်မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် မိဘပြည်သူများ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့်၊ မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ကျန်မားရေးအဖွဲ့နှင့် ဌာနဆိုင်ရာများတို့ပူးပေါင်း၍ ယနေ့နံနက် ၈နာရီက မြို့ ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စက်တပ်ရေယာဉ်ပိုင်ရှင်များနှင့် လုပ်သားများအား ရေယာဉ်မီးဘေးလုံခြုံရေးနှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး အသိပညာပေးဟောပြောဆွေးနွေး
Oct 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ တွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျိုက်လတ်မြို့နယ်အတွင်းရှိ စက်တပ်ရေယာဉ်ပိုင်ရှင်များနှင့် လုပ်သားများအား ရေယာဉ်မီးဘေးလုံခြုံရေးနှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့နယ် မိုင်းပတ်(အထက်)အုပ်စု၊ ဖာပဲကိုကျေးရွာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်…
Oct 18,2022
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကျိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို အောက်တိုဘာလ ၁၇ ရက်နေ့က ကျိုင်းတုံမြို့နယ် မိုင်းပတ်(အထက်)အုပ်စု၊ ဖာပဲကိုကျေးရွာ၊ ခရစ်ယာန်ဘုရားကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် ဆောင်းနှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Oct 18,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဆောင်းသီးနှံများအနက် ဆီထွက်သီးနှံဖြစ်သော နှမ်းသီးနှံကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ မိုးရာသီကာလတွင် မိုးဦးမိုးနည်းပါးခြင်း၊ မိုးရွာသွန်းမှု အကြိမ်ရေ နည်းပါးခြင်းကြောင့် မိုးနှမ်းစိုက်ပျိုးရာ၌ အထွက်နှုန်း ညံ့ဖျင်းသော်လည်း နှမ်းစျေးကောင်းရရှိသဖြင့် တောင်သူများ အနေဖြင့် ဆောင်းနှမ်းများ ပိုမိုစိုက်ပျိုး လာကြကြောင်း ကြူအိုင်ကျေးရွာရှိ တောင်သူတစ်ဦးဖြစ်သူ ကိုနိုင်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Oct 18,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပန်းခင်းစီမံချက်အဆင့် (၂) ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁) ရက် နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ထိ ဆောင်ရွက်ပေးမည်ဖြစ်ရာ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲသို့တက်ရောက်
Oct 18,2022
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ ထွက်ခွာ
Oct 18,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့်မြန်မာအလုပ်သမားများ စေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားအမျိုးသား (၂၄၁)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
Oct 18,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည့် ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18300
Page
18301
Page
18302
Page
18303
Current page
18304
Page
18305
Page
18306
Page
18307
Page
18308
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department