အမြို့မြို့အနယ်နယ်သတင်းများ

Oct 18,2022
ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ပိုက်ကျော်ခြင်း ဆပ်ကော်မတီတို့ ပူးပေါင်း ကျင်းပသည့် သီတင်းကျွတ်အထိမ်းအမှတ် အမျိုးသား (၃)ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ယမန်နေ့ ညနေ ၃ နာရီ က မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကာ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
Oct 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်းသိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာမောင်မန်းညိုရေးသားသော “သွားတက်ကလေးနှင့်ရသစုံကဗျာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 18,2022
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် တအာင်းတစ်မျိုးသားလုံး၏ ယဉ်ကျေးမှုပြတိုက် ပြုလုပ်ရန် အတွက် အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက ဒေသဦးစီးရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Oct 18,2022
မြဝတီခရိုင်၊ စုကလိမြို့သည် ရေခံမြေခံအခြေခံကောင်းသော မြို့ဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးကိုအခြေခံသည့် မြို့တစ်မြို့လည်းဖြစ်သည်။ စုကလိသည် တောင်ပေါ်မြို့ဖြစ်သည့်အားလျော်စွာ ဒေသခံများအနေဖြင့် တောင်ယာများတွင် စပါး၊ ပြောင်း၊ သခွားသီး၊ ငရုတ်သီး အစရှိသည့်သီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြရာ ယခုအချိန်တွင် စုကလိဒေသထွက် တောင်ယာသခွာသီးများ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်သည်။
Oct 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ စည်ပင်သာယာမြို့မစျေး၌ ဒေသခံပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် အတွက်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းနှင့် သရုပ် ပြခြင်း များဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ပြိုကျပျက်စီးခြင်းနှင့် အမိုးလန် ခြင်းများ ဖြစ်ပေါ်ခဲ့သော အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Oct 18,2022
မြန်မာလူမျိုးများ၏ ဓလေ့ထုံးတမ်းစဉ်လာအရ တစ်နှစ်မှာတစ်ကြိမ်၊ တစ်ကြိမ်မှာတစ်လ တစ်လမှာတစ်ကျောင်း စသည့် ကထိန်အလှူတော်မင်္ဂလာအား ယမန်နေ့ နေ့လယ်ပိုင်းက စုကလိမြို့ မြို့ဦးဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။