အမြို့မြို့အနယ်နယ်သတင်းများ

Oct 21,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှုးရုံးမှ မိဘပြည်သူများသို့အသိပေးထုတ်ပြန်ချက် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ လက်ပန်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့သည်။
Oct 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ လာမည့် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၂၆၆၉၀ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Oct 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်အား နှစ်စဉ်အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပဆောင်ရွက်လျက်ရှိရာ ယခုနှစ်မြို့နယ်လုံးဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ညှိနှိုင်းအစည်းအဝေးကျင်းပသည်။
Oct 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ယနေ့နံနက် ၈ နာရီအချိန်မှ စတင်ပြီး ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Oct 21,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ကျောင်းသူ၊ ကျောင်းသားများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရေးအတွက် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ညောင်လေးပင်ကျေးရွာ အ.မ.က ကျောင်းတွင် ယနေ့နံနက် ၉နာရီက ကျင်းပခဲ့သည်။
Oct 21,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ၂၀၂၂ခုနှစ် တအာင်းလူငယ် အမျိုးသားဘောလုံးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် ကျင်းပခဲ့သည်။
Oct 21,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။