အမြို့မြို့အနယ်နယ်သတင်းများ

Oct 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီနှံ) ရန်ပုံငွေများ ပထမအကြိမ် ထုတ်ချေးပေးခြင်းကို ယမန့်နေ့က ဘန်းယဉ်ကျေးရွာအုပ်စု၊ လွယ်မွန်းကျေးရွာခန်းမ၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ကျောင်းချယ်ကျေးရွာခန်းမ၊ နောင်ကျောကျေးရွာအုပ်စု၊ မဲ့ဘောင်ကျေးရွာခန်းမတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 21,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၁၈ နှစ်နှင့်အထက်နှင့် အသက် ၁၈ နှစ်အထပြည့်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံပြီး  ၆ လပြည့်ပြီးသူများအား တတိယအကြိမ် Booster Dose ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်း၊
Oct 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများနှင့် ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် လျာထားမဲရုံတည်နေရာများ အတည်ပြုသတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့နံနက် (၇) နာရီက စတင်၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Oct 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်ခေါင် ခမ်းကျေးရွာအုပ်စု၊ ခေါင်ခမ်းကျေးရွာ၊ ဖောင်တော်ဦးဓါတ်ပေါင်းစု ကျောင်းအတွင်း၌ ကျင်းပပြုလုပ်သော ဘုရားဒါယကာ ဟုမ္မလင်း လေတပ်စခန်းဌာနချုပ်၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်း၊ ဘုရားဒါယိကာမ ​ဒေါ်ခင်မိုးစန္ဒာထွေး မိသားစုတို့က လှူဒါန်းပူဇော်သည့် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဗုဒ္ဓါဘိသေက အနေက ဇာတင် မင်္ဂလာ အခမ်းအနားနှင့် ရေစက်သွန်းချ အမျှပေးဝေခြင်း အခမ်းအနားကို ယမန်နေ့၊ နံနက်(၅)နာရီ၊ (၄)မိနစ်၊ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်ကျက်သရေဆောင် ဆင်တောင်ရှေးဟောင်းဘုရားစေတီ ယဉ်ကျေးမှုအမွေအနှစ်နယ်မြေ ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 21,2022
ရှမ်ပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင် ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုစာလွှာ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။