အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2022
ကရင်ပြည်နယ် ဘားအံမြို့ ပိုင်ကျုံမြို့အတွင်းရှိရပ်ကွက်များ၌ တန်ဆောင်းမုန်းလပြည့်ညတွင် အာဟာရဒါနစတုဒိသာများ ဧည့်ခံကျွေးမွေးခဲ့သည်။
Nov 08,2022
၂၀၂၂ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယအကြိမ် စုပေါင်းမိုးပေါ်ကျကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၆၂ လမ်း၊ ၁၂×၁၄လမ်းကြားရှိ အတုလဝေယံ(အတုမရှိ) ကျောင်းတော်ကြီးတွင် ယမန်နေ့(တန်ဆောင်မုန်းလပြည့်နေ့)မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Nov 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ၏ (၂၄)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မိုင်းရယ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဇိနမာန်အောင်ဘုန်းတော်ကြီးကျောင်းတိုက်၌ ပြုလုပ်သည်။
Nov 08,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက သစ်​ရောင်းပြင်အုပ်စု မကျီးအင်းကျေးရွာ၌ ကျင်းပခဲ့သည်။
Nov 08,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်  ယနေ့နံနက် (၈:၃၀)အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၃)ရပ်ကွက်ရှိ ဝေဇယန္တာဓမ္မာရုံတွင် အခြေခံစားသောက်ကုန် ဆီနှင့် ကြက်ဥများအား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ ကြောင်းသိရသည်။
Nov 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ (၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့ပေါ်အမှတ်(၃)ရပ်ကွက်ရှိ သီရိမင်္ဂလာကျောင်းတိုက်၌ ကျင်းပခဲ့သည်။
Nov 08,2022
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့ အမှတ်(၅)ရပ်ကွက်ရှိ ဇေယျာသန မစိုးရိမ်ကျောင်းတိုက်တွင် တန်ဆောင်မုန်းလပြည့်နေ့ ဆီမီးနှစ်ထောင် ထွန်းညှိပူဇော်ပွဲကို ယမန်နေ့ ညနေ ၅နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 08,2022
(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ထူးချွန်သူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။