အမြို့မြို့အနယ်နယ်သတင်းများ

Jul 20,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မန္တလာရောင်စဉ် (Women Empowerment & Gender Equality) တို့ပူးပေါင်းပြီး မျိုးဆက်ပွားကျန်းမာရေးသင်တန်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ပြုလုပ်ခဲ့သည်။
Jul 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် (၁၀)နာရီအချိန်က စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။
Jul 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော မိုးရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ၊ သရုပ်ပြပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်မိုးလုံလေလုံ အားကစားရုံသစ်၌ ကျင်းပသည်။
Jul 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံ‌ငွေဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးမှူးရုံး ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲ အချိန်က အဆိုပါနေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မွေးကင်းစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ဒေသန္တရကျန်းမာရေးဌာနခွဲတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှုမှု အဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲ အချိန်ခန့်က မိုင်းလုံမြို့ လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိုင်းလုံမြို့ ရှေ့တန်းရုံးတွင် သွားရောက်ဌားရမ်းပေးခဲ့သည်။
Jul 20,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှမိုးကျော် နှင့် ဝန်ထမ်းများက ယာစပါး မျိုးကောင်းမျိုးသန့်များရရှိ စိုက်ပျိုးနိုင်ပြီး အထွက်နှုန်း တိုးတက်စေရန်နှင့် တောင်သူများကိုယ်တိုင် ခေါင်နှံဖြင့် မျိုးပွားစိုက်ပျိုးထုတ်လုပ်တတ်လာ၍ ဝင်ငွေပိုမိုတိုးတက်ရရှိစေရန်တို့ကို ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက နောင်မိုကျေးရွာ တောင်သူ ဦးဆောရ၏ ကွင်းအမှတ်(၁၈) ခေါင်နှံမျိုးသန့်ပွားစံပြကွက်၌ တောင်သူများနှင့်အတူ ယာ(၈) စပါးမျိုးခေါင်နှံဖြင့် မျိုးသန့်ပွားစနစ်ဖြင့် စိုက်ပျိုးခဲ့သည်။
Jul 20,2022
ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါဗီဇပြောင်းမျိုးကွဲအိုမီခရွန်ကူးစက်မှု လျော့နည်းစေရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံဆောင်ရွက်ခြင်းများကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ