အမြို့မြို့အနယ်နယ်သတင်းများ

Nov 11,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြင်တင်ရပ်ကွက်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၉ နာရီအချိန်က G-5 စာမေးပွဲဆိုင်ရာဆွေးနွေးပွဲသင်တန်းကို ပညာရတနာဗိမာန်အဆောင်တွင် သင်တန်းပို့ချခဲ့သည်။
Nov 11,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်လုံးဆိုင်ရာ (၄၇) ကြိမ်မြောက်ရွှေကျင်နိကာယဝိနည်း စာတော်ပြန်ပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက  မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ သာသနာ့ဝန်ဆောင် မြို့ဥုးကျောင်းတိုက်အတွင်းရှိ သဂ္ဂနဒီဓမ္မာရုံတော်တွင်  ကျင်းပပြုလုပ်ရာ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် မဟာသဒ္ဓမ္မဇောတိကဓဇ မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာ မဟာဂန္ဓာရုံ ကျောင်းတိုက် ဦးစီးပဓာန
Nov 11,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်အတွင်းရှိ ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ ကာယ၊ ဉာဏများဖွံ့ဖြိုးစေရန်နှင့် စာဖတ်သည့်အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံ ပညာမူလတန်းကျောင်း (နာဟောင်)၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 11,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် ယ​နေ့နံနက် ၉ နာရီအချိန်က သာသနာ့ဗိမ္မာန်​တော်ကြီး၌ အ​ခြေခံလူတန်းစား အိမ်​ထောင်စုများအတွက် ATOM (Advancing Telecommunications of Myanmar) က ဆန်များအခမဲ့​ ထောက်ပံ့ပေး​ခဲ့ကြောင်း သိရသည်။
Nov 11,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက (၁၀၂)နှစ်မြောက်၊ အမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 11,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝးကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်း၌ ကျင်းပသည်။
Nov 11,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။