Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တောင်ဥက္ကလာပမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်
Nov 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့မွန်းလွဲ (၁:၀၀) နာရီအချိန် က (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)၌ ကောလိပ်ကျောင်းသား/သူ အသစ်များအား ကျန်း…
Nov 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့် ကျောင်းကျန်းမာရေး အသိပညာပေးခြင်းကို ယနေ့နံနက် (၉:၀၀) နာရီအချိန် က ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကောလိပ်ကျောင်းသား၊ ကျောင်းသူ အသစ်များအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်း (လေ့ကျင့်ရေးအလယ်တန်းကျောင်းတွင် ပုံမှန်ကျောင်းကျန်းမာရေးလုပ်ငန်းအား ဆောင်ရွက်
Nov 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၁၀:၀၀ နာရီက ကျန်းမာရေးစစ်ကြောင်းမှ ရန်ကင်းလေ့ကျင့်ရေး အလယ်တန်းကျောင်းတွင် ပုံမှန်ကျောင်း ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Nov 11,2022
၂၀၂၂ - ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပခြင်းနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Nov 11,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိပညာဗသုသုတများ တိုးပွားလာစေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာစောင်များ ပြသခြင်းများကို ယနေ့မွန်းလွဲပိုင်းက ကုန်းမြင့်ကျေးရွာအမကကျောင်းတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အောင်ချမ်းသာကျေးရွာတွင် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးနိုင်ရန် ဆိုလာစနစ်သုံးရေတင်စက် တပ်ဆင်ပြီးစီး
Nov 11,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ တာဝန်ယူဆောင်ရွက် ပေးလျက်ရှိသော အောင်ချမ်းသာကျေးရွာ၏ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးနိုင်ရန် ရေရရှိရေးဆိုလာစနစ် သုံးရေတင်စက်ကို ယနေ့က တပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် ကဗျာရွတ်၊ ပုံပြော၊ ဆေးရောင်ခြယ်ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ စာအုပ…
Nov 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့ အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန်ရည်ရွယ်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် ကဗျာရွတ်၊ ပုံပြော၊ ဆေးရောင်ခြယ်ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို ယနေ့နံနက် (၁၀)နာရီအချိန် က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်းစိန်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ ရတနာဈေး၌ Mask Campaign ပြုလုပ်ဆောင်ရွက်
Nov 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ ရတနာဈေး၌ ယနေ့ နံနက် (၉)နာရီခွဲအချိန်က ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်နေကြသည့် ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် Mask Campaign ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17803
Page
17804
Page
17805
Page
17806
Current page
17807
Page
17808
Page
17809
Page
17810
Page
17811
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department