အမြို့မြို့အနယ်နယ်သတင်းများ

Nov 12,2022
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နံနက်ပိုင်း (၁၀)နာရီအချိန်က ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲတို့ ပြုလုပ်ခဲ့​သည်။
Nov 12,2022
လူငယ်လူရွယ်များ အသိပညာတိုးတက်မှုရရှိစေရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု၊ အတွေးအခေါ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများ ပိုမိုရရှိစေရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဆွေးနွေးပွဲကို အဆိုပါ သင်တန်းကျောင်းခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Nov 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ တန်ဆောင် မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက် မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် နံနက် ၁၀ နာရီက ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း၌ ကျင်းပသည်။
Nov 12,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ ဗဟန်းမြို့နယ်လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းဟောင်းများ အမှု​ဆောင်အသင်း လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပပြုလုပ်ခဲ့သည်။
Nov 12,2022
ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာရေးစနစ်ဖွဲ့စည်းပုံ KG+12(KG+5-4-3) စနစ်သို့ ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တိုင်းပညာ ရေးမှူး ဦးတိုးဝင်း၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးပညာရေး နှင့် မုံရွာ တက္ကသိုလ်တို့ ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် အခြေခံပညာအထက်တန်းအဆင့်၌ သင်ကြား လျက်ရှိသည့် ဆရာ/ဆရာမများအား သင်ထောက်ကူ ပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အတွက် ရည်ရွယ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ/ဆရာမများ အား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်း (ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ) ဖွင့်ပွဲပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက မုံရွာမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ ကျောင်းသား/သူလေးများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်း တွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 12,2022
ရှမ်းပြည်နယ်​(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် လွိုင်လင်မြို့နယ် အားကစားနှင့်ကာယပညာစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံပညာမြန်မာ့သိုင်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း (ပင်လုံ)၌ ကျင်းပခဲ့ပါသည်။
Nov 12,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အတွင်း သန့်ရှင်း သာယာလှပစေရေးအတွက် တောင်ရိုးတန်း (View Point) လမ်းတစ်လျှောက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ထွေအုပ်၊ စည်ပင်၊ ကုန်းလမ်းပို့ဆောင်ရေး၊ မီးသတ်၊ လဝက၊ ကြက်ခြေနီ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးကို နို၀င်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းကဆောင်ရွက်ရာ မွန်ပြည်နယ်၀န်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။