အမြို့မြို့အနယ်နယ်သတင်းများ

Nov 12,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ထက်/လယ်/မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ အထက(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမတွင် နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့သည်။
Nov 12,2022
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကန်သာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် (၉) နာရီက မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)နှင့် ကျောင်းကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
Nov 12,2022
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခံရမှုမရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာသည့် အလေ့အကျင့်များ လိုက်နာ ကျင့်သုံးစေရန် Mask Campaign အရှိန်အဟုန်မြှင့် အသိပညာပေးခြင်းကို နိုဝင်ဘာ ၁၂ ရက်နေ့ နံနက် (၈)နာရီခွဲက တနိုင်းမြို့ လူစည်ကားသည့် လီဒိုလမ်းမကြီးပေါ်ရှိ လမ်းဆုံနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် သဲကုန်းကျေးရွာ၌ မိုးစပါးရာသီတွင် ဧက ၁၀၀ တင်း ၁၀၀ အထက်ထွက်ရှိရေး စံပြစိုက်ခင်းရိတ်သိမ်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 12,2022
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းရည်မြင့်မားရေး ဆင့်ပွားသင်တန်းကို ယနေ့နံနက်က မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမ တွင် ပြုလုပ်ခဲ့သည်။
Nov 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊အလယ်တန်း နှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန်၊ ခေါင်းဆောင်မှုအရည် အသွေးမြင့်မားလာစေရန် ရည်ရွယ်၍ အခြေခံ ပညာကျောင်းအုပ်ကြီးများ အုပ်ချုပ်မှု စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲ ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။