Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရခိုင်ပြည်နယ် မောင်တောမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများနှင့် ပြည်သူများ စုပေါင်းသန့်ရှင်းရေးပြုလုပ်
Jun 11,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပမှု ရှိစေရေး အတွက် ရှေ့တန်း အမှတ်(၁၅)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးမှ ဦးဆောင်၍ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် ပြည်သူများက အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ဗဟိုကျောင်းတိုက်နှင့် လမ်းမကြီးတစ်လျှောက်ယနေ့ နံနက် ၇ နာရီအချိန်က စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြရာ ရှေ့တန်းအမှတ်(၁၅) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး သန်းလှိုင်၊ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူး ကြီး ကျော်သူဝင်းနှင့် တာဝန်ရှိသူများက လှည့်ပတ်ကြည့်ရှုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ဌာနဆိုင်ရာများစုပေါင်း၍ မကွေးမြို့ ကန်သာကန် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှု…
Jun 11,2022
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ် များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မကွေးမြို့ ကန်သာကန် သန့်ရှင်း သာယာလှပရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်း၀င်းအတွင်း သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေး ပြုလုပ်
Jun 11,2022
ကျောင်း၀င်းအတွင်း သန့်ရှင်းသာယာ လှပစေရေးနှင့် ကျောင်းသားများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့ နံနက် ၇ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ရေဦးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်သားများနှင့် ပညာရေးဌာနဆရာဆရာများ အင်အား ၇၀ ဦးခန့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်း၀င်းအတွင်း သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေး ပြုလုပ်
Jun 11,2022
ကျောင်း၀င်းအတွင်း သန့်ရှင်းသာယာ လှပစေရေးနှင့် ကျောင်းသားများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့ နံနက် ၇ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ရေဦးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်သားများနှင့် ပညာရေးဌာနဆရာဆရာများ အင်အား ၇၀ ဦးခန့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေး
Jun 11,2022
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်
Jun 11,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ အစိုးရနှင့် ပုဂ္ဂလိကရုံးဌာနများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ စျေးများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ အခြား အများနှင့်သက်ဆိုင်သောနေရာများ၊ ရပ်ကွက်များရှိ လူနေအိမ်များ၊ လမ်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ် ဦးစားပေး အစီအစဉ်များအလိုက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူ
Jun 11,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ယနေ့နံနက်(၇)နာရီအချိန်က “သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး” ကျန်းမာရေး အသိပညာပေး ဗီနိုင်းပိုစတာများကို လူစည်ကားရာနေရာများ၌ စိုက်ထူဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ်တွင် “သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံးပါဝင် ဆောင်ရွက်ပေး” ဗီနိုင်းပိုစတာစိုက်ထူ
Jun 11,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ တိုင်းဒေကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ “သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး” ဗီနိုင်းပိုစတာ စိုက်ထူခြင်းကို နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်ပြည်သူ့ ဆေးရုံရှေ့၌ ယနေ့နံနက် ၉ နာရီက စိုက်ထူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17725
Page
17726
Page
17727
Page
17728
Current page
17729
Page
17730
Page
17731
Page
17732
Page
17733
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department