အမြို့မြို့အနယ်နယ်သတင်းများ

Jun 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် သွေးလွန်တုပ်ကွေး​ရောဂါ အသိပညာ​ပေး မြေစိုက်ပြဘုတ်ကို ယ​နေ့နံနက်ပိုင်း က လူသွားလူလာများရာ ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ ပြည်သူ့ဆေးရုံ​ရှေ့၌   စု​ပေါင်း စိုက်ထူခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဥက္ကာသန်း၊ ကျန်းမာ​ရေးဦးစီးဌာန မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒာညီ​ဆွေနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ကြည့်ရှု လေ့လာခဲ့​ကြောင်း သိရသည်။
Jun 11,2022
မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာထွန်းကား​စေရန်နှင့် ပရိယတ္တိ သာသနာအကျိုးကို သယ်ပိုးထမ်းဆောင်ကြမည့် သာသနာ့ အာဇာနည်ကြီးများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရနိကာယ် စာမေးပွဲများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင်
Jun 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီခွဲ အချိန်က လူအသွားအလာများသည့် လမ်းဘေးနေရာများတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jun 11,2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ပြုလုပ်ကျင်းပသည့် ၂၀၂၂ ခုနှစ်၊ (၂၉)ကြိမ်မြောက် နိကာယ်စာမေးပွဲနောက်ဆုံးနေ့ကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ နဂါးကျောင်း ပရိယတ္တိစာသင်တိုက်၊ သီရိသုခရတနာဓမ္မာရုံတွင် ယနေ့ မွန်းလွဲ ၁ နာရီက စတင်ကျင်းပလျက်ရှိရာ ကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာတော် ၁၂၇ ပါးမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
Jun 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် သွေးလွန်တုပ်ကွေး​ရောဂါ အသိပညာ​ပေး မြေစိုက်ပြဘုတ်ကို ယ​နေ့နံနက်ပိုင်းက လူသွားလူလာများရာ မြို့မဈေးရှေ့၌ စု​ပေါင်းစိုက်ထူခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့် မြို့နယ်ကျန်းမာ​ရေး ဦးစီးဌာန ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန့်ဇော်မောင် နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၀င်များက ကြည့်ရှု လေ့လာခဲ့​ကြောင်း သိရသည်။
Jun 11,2022
နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေ ၃ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
Jun 11,2022
နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)ကျောင်းဝင်းအတွင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီးနှင့် ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းမိသားစုများ၏ မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၇)နာရီခွဲက အဆိုပါ ကျောင်းဝင်း အတွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။