Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး ဆက်လက်ထိုးနှံပေး
Jun 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေးအတွက် အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြားလူငယ်များ၊ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများနှင့် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေး ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လူမှုမီဒီယာအကျိုးရှိစွာ အသုံးပြုရေးအသိပညာပေး ဟောပြောပွဲပြုလုပ်
Jun 12,2022
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူမှုမီဒီယာအား အကျိုးရှိစွာအသုံးပြုနိုင်ရေး ယမန်နေ့ မွန်းလွဲပိုင်းက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသူများအား ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမတွင် အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း ၁၃၀၀၀ ပျိုးထောင်ထားရှိ
Jun 12,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ အခမဲ့ရယူစိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနက ပျိုးပင်ပေါင်း ၁၃၀၀၀ ပျိုးထောင်ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jun 12,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ကလေးငယ်များတွင် မကြာခဏ သွေးလွန်တုပ်ကွေး ရောဂါတွေ့ရှိရသဖြင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ၏ ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းဖြစ်သည့် ဖုံး၊ သွန်၊ လဲ စစ် လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၊ ဟိုနားကျေးရွာ၌ မြစိမ်းရောင်(အသားကဏ္ဍ) ဖွံ့ဖြိုးတိုးတက်ရေး ကျပ်(၂၁၀)သိန်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jun 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သည့် မြစိမ်းရောင်(အသားကဏ္ဍ) မွေးမြူရေးကျေးရွာ ထူထောင်ရန်အတွက် တတိယအကြိမ် ရန်ပုံငွေ ကျပ်(၂၁၀)သိန်း ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီခွဲက မိုင်းဖြတ်ကျေးရွာအုပ်စု (ဟိုနား)ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်တွင် မိုးကြိုးဘေးသင့် မိသားစုအား ထောက်ပံ့ငွေပေးအပ်
Jun 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုးကြိုးဘေးသင့်၍ သေဆုံးသော ဝမ်လုံးကျေးရွာအုပ်စု၊ မကာကျေးရွာနေ(ဘ) ဦးအိုက်ရှဲန်မွန်း၏သား အိုက်ယောရှဲန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကိုယမန်နေ့ ညနေပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲတက်ရောက…
Jun 12,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ သီရိရတနာမူလတန်းကြိုကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်မြို့နယ် အမှတ်(၉)ကျေးရွာတွင် ကိုယ်ထူကိုယ်ထ အစည်းအဝေးခန်းမဖွင့်ပွဲကျင်းပ
Jun 12,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၉) ကျေးရွာတွင် ကျေးရွာပိုင် ကိုယ်ထူကိုယ်ထ အစည်းအဝေးခန်းမသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမှတ်(၅)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ကိုနှင့် ကျေးရွာတာဝန်ခံများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17721
Page
17722
Page
17723
Page
17724
Current page
17725
Page
17726
Page
17727
Page
17728
Page
17729
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department