အမြို့မြို့အနယ်နယ်သတင်းများ

Jun 13,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရွှေအိုး(၁)ရပ်ကွက်၊ ရွှေအိုး(၂)ရပ်ကွက်၊‌ မောင်းတိုင်(၁)ရပ်ကွက်၊ မောင်းတိုင်(၂)ရပ်ကွက်နှင့် ရွာ‌လေးကျေးရွာများအတွင်း စီးဆင်းလျက်ရှိသောအရှည်(၃၀၀၀)ပေ၊ အကျယ်(၁၀)ပေ၊ အနက်(၅)ပေရှိ ရေနုတ်မြောင်းနှင့် ရေဆိုးထုတ်မြောင်းများအား မိုးရာသီကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်နှင့် ခြင်ကြောင့်ဖြစ်ပွားတတ်သော ရောဂါအန္တရာယ်ကင်းဝေးစေရန်အတွက်
Jun 13,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာအာဟာရဖွံ့ဖြိုးရေး  သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ဇွန်လ(၁၃)ရက်နေ့ နံနက်(၈)နာရီအချိန်က မြို့မအုပ်စုရှိ တောင်သူ ဦးတင်ဆိုင်၏ ကွင်းအမှတ်၂၅၅/A ဦးပိုင်အမှတ်(၄၈) လယ်မြေ(၅)ဧကတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 13,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာနတို့ပူးပေါင်းပြီး ၂၀၂၂ ခုနှစ် ဧပြီလဆန်းမှ စတင်၍ ကမ်းပါးအမြင့်ပေ (၈၀) ရှိသော တောင်ဘွေအုပ်စု ပဲကြီးအင်းကျေးရွာရှိ ကိုင်းခုံများပေါ်တွင် ဧရာဝတီမြစ်ရေကို စက်ဖြင့်ရေတင်၍ ဧပြီလ (၁၁) ရက်နေ့မှ ဧပြီလ (၂၆) ရက်နေ့ထိ မိုးနေကြာမျိုးစေ့ ထုတ်စိုက်ခင်း (၂၄.၀၂) ဧကကို စိုက်ပျိုးဆောင်ရွက်ခဲ့ရာ ယခုဇွန်လ (၁၁) ရက်နေ့ထိ ရက် (၆၀) ရက်သားနှင့် (၄၅)ရက်သား သက်တမ်းရှိပြီး မိုးနေကြာမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Jun 13,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် မိုးရာသီ၌ ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်ရှိ စာသင်ကျောင်းများ၌ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မား လာစေရေးနှင့် သွားလာရေးလွယ်ကူအဆင်ပြေစေရန် ရည်ရွယ် ၍ကျေးလက်လမ်းဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် မိုးနိုင်းကျေးရွာ ဆက်သွယ်ထားသည့်တံတားအား မိုးရာသီတွင်ရေတိုက စားမှုအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ရေရှည်ခိုင်ခံ့မှုရှိစေရန်အတွက် တံတားချဉ်းကပ်လမ်းနှစ် ဖက်အားကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မေလဒုတိယအပတ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး ပြီးဖြစ်ကြောင်းသိရသည်။  
Jun 13,2022
နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်စုံ အသက်(၂၅)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားခန်းမ၌ ဇွန်လ(၈)ရက်နေ့မှ စတင်ယှဉ်ပြိုင်ကစားခဲ့ကြရာ နေပြည်တော်အတွင်းရှိမြို့နယ်များမှ ပြိုင်ပွဲဝင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယမန်နေ့မွန်းလွဲပိုင်းတွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
Jun 13,2022
မိုးရာသီကာလသို့​ ရောက်ရှိလာပြီဖြစ်​သော​ကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်
Jun 13,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။