Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သာယာဝတီမြို့တွင် အသက် (၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းများ ဆက်လက်ဆောင်ရွက်
Jun 13,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ အသက် (၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေး ထိုးအဖွဲ့ (၁၀) ဖွဲ့ဖြင့် ရပ်ကွက်များသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရှိ (၂၁) ရပ်ကွက်သို့ ကွင်းဆင်း၍ အသက် (၁၈) နှစ်အထက် ပြည်သူ (၂၀၈၉) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Bosster ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ရာနှုန်းပြည့်ပြီးစီးအောင် ထိုးနှံနိုင်ရေးအတွက် ရပ်ကွက် / ကျေးရွာများ အားလုံးသို့ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ မိုးနေကြာ မျိုးသန့်ပွားစံပြကွက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Jun 13,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေး၊ ပြည်ပစားသုံးဆီ တင်သွင်းမှုလျော့ချရေး၊ နေကြာမျိုးကောင်း မျိုးသန့်များရရှိစေရန်အတွက် မိုးနေကြာ မျိုးသန့်ပွားစံပြကွက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီက ရှမ်းစုကျေးရွာ၊ တောင်သူ ဦးနိုင်၏ ယာမြေ၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ(ပထမအကြိမ်)သစ်ပင်စိုက်ပွဲကျင်းပ
Jun 13,2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ကရင်ပြည်နယ်၊ သစ်တောဦးစီးဌာနမှကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ်၊ မိုးရာသီပြည်နယ်အဆင့်သစ်ပင်စိုက်ပွဲ(ပထမအကြိမ်)ကို ဇွန်လ ၁၁ ရက်နေ့ နံနက် ၈ နာရီ ခန့်က ဘားအံမွေးမြူရေးဇုန်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Myancophram)ထိုးနှံပေး
Jun 13,2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့်လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး သာယာဝတီ ခရိုင် ဇီးကုန်းမြို့နယ်တွင် အခြေခံပညာ ကျောင်းများမှ အသက်(၁၂)နှစ်မှ(၁၇)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Myancophram)ကို ယနေ့နံနက် ၈ နာရီက အ.ထ.က(ဇီးကုန်း)ကျောင်း၌ ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးများပေးဝေရာတွင် ပြည့်ဝစွာပေးဝေနိုင်ရေး မင်းရဲမြောင်းမှ တိုက်ရိုက်ရေပေးပြွန် (၅) လုံး ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်…
Jun 13,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေများပေးဝေရာတွင် ပြည့်ဝစွာပေးဝေ နိုင်ရေး မင်းရဲမြောင်းမှ တိုက်ရိုက်ရေပေးပြွန် (၅) လုံးအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၃၀) သန်းဖြင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့၌ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Jun 13,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် သား၊ သမီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်
Jun 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင် သား၊သမီး ကျောင်းသား၊ကျောင်းသူများအား ပညာသင်စရိတ် ထောက်ပံ့ပေး အပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့မရဲစခန်းဝန်းအတွင်းရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ်တွင် လေဘေးသင့် အမိုးလန်နေအိမ် (၁) လုံးအတွက် ထောက်ပံ့ငွေပေးအပ်
Jun 13,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် လေဘေးသင့် အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကို ယနေ့ နံနက် ၉ နာရီက နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လေဘေးသင့်အိမ်ထောင်စုထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17715
Page
17716
Page
17717
Page
17718
Current page
17719
Page
17720
Page
17721
Page
17722
Page
17723
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department