Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သာကေတမြို့နယ်ရှိ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်း လုပ်ငန်းအား ဆောင်ရွက…
Jun 13,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဖွင့်ချိန်တွင် ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် (Sinopharm) အားထိုးနှံခြင်း လုပ်ငန်းအားဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၂၆၀) ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သနပ်ပင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးခြင်း ကွင်းဆင်း ဆောင်ရွက်
Jun 13,2022
ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ သနပ်ပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သနပ်ပင် မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေးဆွေးနွေးခြင်းနှင့် စိုက်ပျိုးရေးအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ သရက်ပင်ကိုင်း ဆက်စိုက်ပျိုးခြင်း၊ ကြက်သားဖောက်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ကျူချောင်း၊ မင်းရွာတာဝ၊ မင်းရွာကျောင်းစု ကျေးရွာများ၌ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jun 13,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဗန်းမော်သိန်းဖေ၏ အိပ်မက် လှလှအောင်မြင်သောဘဝ စာအုပ်ဖြင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းဝင်များက ယမန်နေ့ နေ့လယ် (၂)နာရီတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းအသင်းတော် အမျိုးသမီးအသင်းမှ ရိုးရာဂျပ်ခုတ် သင်တန်းဖွင့်လှစ်
Jun 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ဇိုင်းယာန်းနှစ်ခြင်း အသင်းတော် အမျိုးသမီးအသင်းမှ ဦးဆောင်၍ ရိုးရာဂျပ်ခုတ် သင်တန်းကို ယနေ့နံနက်ပိုင်းက ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်ခန်းမတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့ လူထုအခြေပြုဗဟိုဌာနတွင် သွေးလွန်တုပ်ကွေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်
Jun 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ သွေးလွန်တုပ်ကွေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Showဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့ သာသနာ့ဗိမာန်တော် ထိန်းသိမ်းပြုပြင်မည်
Jun 13,2022
ဂန့်ဂေါမြို့ ရွှေပြည်ဆိပ်ဦးစေတီတော်အနီးတွင် ဆောက်လုပ်ထားသည့် သာသနာ့ဗိမာန်တော် အဆောက်အအုံကို ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် လိုအပ်သည့်ပြုပြင်မှုများ ဆောင်ရွက်ရန် ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သာသနာ့ဗိမာန်တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့မှ စီစဉ်ဆောင်ရွက် လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့တွင် ယခုနှစ် ရာသီပေါ်ထွက်ရှိသည့်ပတ္တမြားငမောက် သရက်သီးများ ရောင်းအားကျဆင်း
Jun 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ရာသီပေါ်ထွက်ရှိသည့် ပတ္တမြားငမောက် သရက်သီးမှာမနှစ်ကထက် ဈေးကောင်းမရ၍ အဆင်မပြေဖြစ်နေကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက္ခမီမြို့ ရေလယ်ကျောင်းတိုက်၌ (၁၇)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Jun 13,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံ ဆန်ကုန် သည်များအသင်းမှ စုပေါင်းပြီး (၁၇)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် ၈ နာရီက ကျိုက္ခမီမြို့ ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ပုရဝုဏ် အတွင်းရှိ ရေလယ် ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17713
Page
17714
Page
17715
Page
17716
Current page
17717
Page
17718
Page
17719
Page
17720
Page
17721
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department