အမြို့မြို့အနယ်နယ်သတင်းများ

Jun 17,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကြေညာရာ အောင်ချက် ၅၄.၉၇ ရာခိုင်နှုန်း ရှိပြီး ၃ ဘာသာဂုဏ်ထူးရှင် (၂၀)ဦး၊ ၂ဘာသာ ဂုဏ်ထူးရှင် (၂၄)ဦးနှင့် (၁)ဘာသာဂုတ်ထူးရှင် (၁၃၈)ဦးရှိကြောင်း သိရသည်။
Jun 17,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်ပညာရေးမှူးရုံးနှင့် အ.ထ.ကကျောင်းတွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ယနေ့ နံနက်(၆)နာရီ အချိန်မှစ၍ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
Jun 17,2022
သံတွဲမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အမှတ်(၃)ရပ်ကွက်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်များသို့ သွားရောက်၍ အသက် ၈၅နှစ်အထက်ရှိ ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးခဲ့သည်။
Jun 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊မက်မန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို အ.ထ.က မက်မန်း ကျောင်းတွင် ယနေ့ နံနက်ပိုင်းက
Jun 17,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့နံနက် ၆ နာရီအချိန်က တက္ကသိုလ်ဝင်စာဖြေဌာန အသီးသီးနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ကြေညာ‌ပေးသည်။
Jun 17,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အခြေခံပညာဦးစီးဌာနက ၂၀၂၂-ခုနှစ် တက္ကသိုလ် ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးဝန်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကပ်ထား ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။
Jun 17,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သူများစာရင်းကို မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတို့တွင် ယနေ့ နံနက် ၆ အချိန်မှစတင်၍ထုတ်ပြန်ရာ တက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။