မင်းတုန်း ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကြေညာရာ အောင်ချက် ၅၄.၉၇ ရာခိုင်နှုန်း ရှိပြီး ၃ ဘာသာဂုဏ်ထူးရှင် (၂၀)ဦး၊ ၂ဘာသာ ဂုဏ်ထူးရှင် (၂၄)ဦးနှင့် (၁)ဘာသာဂုတ်ထူးရှင် (၁၃၈)ဦးရှိကြောင်း သိရသည်။
မင်းတုန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၆)ကျောင်းနှင့် အထက်တန်းကျောင်းခွဲ (၄)ကျောင်းမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မင်းတုန်းမြို့ စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၅၃၃)ဦး ဖြေဆိုရာ (၂၉၃)ဦး အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)