Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဗဟန်းမြို့နယ်၌ ဝက်သား၊ ဆိတ်သား၊ အမဲသား၊ ငါး၊ ဆန်၊ ဆီ၊ ကြက်ဥတို့အား ဈေးရောင်း ကားများဖြင့် ရောင်းချ ပြီး MASK များအခမဲ့ ဖြန့်ဝေခြင်းဆောင်ရွက်
Nov 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံ မြောက်အရှေ့ရပ်ကွက်၊ အရှေ့ဗဟိုလမ်းတွင် ယမန်နေ့ နံနက်(၀၆း၃၀)အချိန်မှ(၉း၃၀) အချိန်ထိ လိုင်စင်စီ ဝက်သား၊ ဆိတ်သား၊ အမဲသား၊ ငါး၊ ဆန်၊ ဆီ၊ ကြက်ဥတို့အား ဈေးရောင်းကားများဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။ ထိုသို့ ရောင်းချရာ ဝက်သား(၁)ပိဿာ( ၁၃၀၀၀) နှုန်းဖြင့် ( ၁၀ )ပိဿာ၊ ဆိတ်သား( ၁ )ပိဿာ(၂၃၀၀၀) နှုန်းဖြင့်(၁၀) ပိဿာ၊ အမဲသား(၁)ပိဿာ (၁၃၀၀၀)နှုန်းဖြင့်( ၁၀) ပိဿာ၊ ငါး(၁) ပိဿာ(၉၀၀၀/၆၀၀၀/၅၀၀၀) နှုန်းဖြင့်
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် Smile Place Guest House ဖလား အသက်(၁၄)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲအကြို ဗိုလ်လုပွဲ(ဆီမီးဖိုင်နယ်)ပွဲစဉ်များ ဆက်…
Nov 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ် OLD STAR အဖွဲ့တို့ကြီးမှူးကျင်းပသော Smile Place Guest House ဖလား အသက်(၁၄)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲ အကြို ဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်)ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီက နမ့်စန်အထကကျောင်း ဘောလုံး အားကစားကွင်းတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဇေယျာဟန်၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီမှ တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်ရုံး Community Centre တွင် အခြေခံ တရုတ်ဘာသာစကား သင်တန်းဆင်းပွဲ ကျင်းပ
Nov 20,2022
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ တရုတ်ဘာသာစကား သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့နယ်အဆင့် သင်္ချာနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Nov 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အဆင့် သင်္ချာနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ပုသိမ်မြို့ရှိ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း(ထ-ခွဲ)နှင့် အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းများ၌ ယမန်နေ့နံနက် ၈နာရီတွင် စတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
World Vision Einme မှ ၎င်းတို့၏စီမံချက်၊ မျှော်မှန်းချက်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေး
Nov 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် World Vision Einme မှ ၎င်းတို့အဖွဲ့ အစည်း၏ စီမံချက်၊ မျှော်မှန်းချက်များ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့တွင် မြို့နယ်အဆင့်အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်
Nov 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြို့နယ်ပညာရေးဌာန၏ ဦးဆောင်မှုဖြင့် ကျောင်းသား/သူများ၏ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ဖွံ့ဖြိုးစေရေးနှင့် ဖြတ်ထိုးဉာဏ်ရှိစေရန်ရည်ရွယ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ဓနုဖြူမြို့ ကဉ္ဇနကျွန်းသာ ကုမ္ပဏီလီမိတက်၏ ပြည်ပတင်ပို့မည့်ဆန်ကြိတ်ခွဲနေမှ…
Nov 20,2022
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် နိုဝင်ဘာလ (၁၉) ရက်နေ့ ညနေ ၃:၃၀အချိန်ကမအူပင်ခရိုင်၊ဓနုဖြူမြို့နယ် ကဉ္ဇနကျွန်းသာ ကုမ္ပဏီလီမိတက်၏ ပြည်ပတင်ပို့မည့်ဆန်ကြိတ်ခွဲနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်း ဖွင့်လှစ်
Nov 20,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ပြည်နယ်အတွင်းရှိ အထက်တန်းဆင့်သင် ဆရာ၊ ဆရာမ ၁၈၀ ဦးခန့် တက်ရောက်လျက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17594
Page
17595
Page
17596
Page
17597
Current page
17598
Page
17599
Page
17600
Page
17601
Page
17602
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department