အမြို့မြို့အနယ်နယ်သတင်းများ

Nov 20,2022
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများက  လွိုင်ကော်ကက်သလစ်သာသနာမှ ပြည်နယ်အတွင်းရှိ ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရစ်တော်ဘုရင် ဘုရားရှိခိုးကျောင်း၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် လွိုင်ကော်ကက်သလစ်သာသနာမှ ပြည်နယ်အတွင်းရှိ ကျောင်းထိုင်ဘုန်းတော်ကြီးများ တက်ရောက်ခဲ့ကြသည်။
Nov 20,2022
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ် များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ် (စနေနေ့တိုင်း)စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး အစိုးရရိပ်သာဝန်း အတွင်းအပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။
Nov 20,2022
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ ၁၀၄ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏနာယက ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်များ၊ နိဗဒ္ဓသံဃာတော်များနှင့် တိုင်းဒေသကြီးနှင့်
Nov 20,2022
“အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့ ကလေးတိုင်းအတွက် ဆောင်ရွက်စို့” ‌(Inclusion For Every  Child) ဆောင်ပုဒ်ဖြင့် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အ‌ရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် “ကမ္ဘာ့ကလေးများနေ့” အခမ်းအနားအား ယမန်နေ့နံနက် ၉နာရီခွဲက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ အေးမြသီတာခန်းမတွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း တက်ရောက် အမှာစကား ပြောကြားသည်။
Nov 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ မြို့နယ်စာရေးဆရာ အသင်းမှ ကြီးမှူးကျင်းပသော စာဆိုတော်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဟင်္သာတခရိုင် ပြန်/ဆက်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
Nov 20,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် စက်တင်ဘာ ၂ ရက်မှ စတင်ပြီး ပွဲစဉ် ၁၈ ပွဲဖြင့် အပတ်စဉ် သောကြာနေ့ညတိုင်း ကျင်းပလျက်ရှိသည်။
Nov 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာအုပ်စု နောင်ချိုကျေးရွာ၌ ကျေးရွာလူထု ပုံမှန်ဝင်ငွေရရှိရေးနှင့် ရေရှည် တည့်တံ့ရေးအတွက် မယ့်ဖါးလုံဖောင်ဒေးရှင်းနှင့် CPP ကုမ္ပဏီတို့ ပူးပေါင်း၍ ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေး စီမံကိန်း ကျေးရွာများသို့ လက်လှည့်ပြောင်းခြွေစက် ပေးအပ်ပွဲနှင့် အစေ့ထုတ်ပြောင်း စံပြစိုက်ခင်းရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၉ နာရီ တွင် ကျင်းပသည်။
Nov 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် မြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသော စက်ဘီး၊ လူစီးဆိုက်ကား၊ အနှေးယာဥ်များအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ပြောကြားခြင်း၊ ရောင်ပြန်စတေကာများ အခမဲ့တပ်ဆင်ပေးခြင်းကို ရေတာရှည် (၃)လမ်း၊ အုတ်လမ်း၊ ဗဟန်း (၃)လမ်းတို့၌ ယမန်နေ့နံနက်(၉း၀၀)နာရီအချိန်က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။