Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်
Nov 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့မှ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က စတင်စစ်ဆေးဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Nov 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ အနာဂတ်လူငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘက်စုံထူးချွန် ထက်မြက်လာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်(၉)နာရီက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ အထက်တန်း၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသိပညာပေးဆွေးနွေး
Nov 20,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာအုပ်စု၊ ဒေးဒရဲကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ခေနန်၊ ကွင်းပေါက်ကျေးရွာအုပ်စုများအရောက် ဖြည့်ဆည်းဆောင်ရွက်ပေး…
Nov 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ခေနန်ကျေးရွာအုပ်စု၊ ခေနန်ကျေးရွာနှင့် ကွင်းပေါက်ကျေးရွာအုပ်စု၊ ကွင်းပေါင်ကျေးရွာတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ကျေးရွာအရောက် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု ၈၀ ရာခိုင်နှုန်းကျော်ပြီးစီး
Nov 20,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ၏ လယ်ယာထုတ်ကုန်များ စျေးနှုန်းသက်သာစွာဖြင့် စျေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်ရနိုင်ရန် ရည်ရွယ်၍ အကောက်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နတ်ပေးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားသုံးစင်းတို့ကို တည်ဆောက် လျက်ရှိရာ ယခုအခါ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်တွင် ပုသိမ်အကယ်ဒမီ U-14 ဘောလုံးအသင်းနှင့် မြို့နယ် U-14 ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပ
Nov 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးဆပ်ကော်မတီတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပုသိမ်ဘောလုံးအကယ်ဒမီ U-14 အသင်းနှင့် မော်လမြိုင်ကျွန်းမြို့နယ် U-14 ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ဘောလုံးအားကစားပြိုင်ပွဲအား ယနေ့ညနေ ၃ နာရီခွဲအချိန်က မြို့မပြည်သူ့ ဘောလုံးအားကစားကွင်း၌ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ အခြေခံပညာ မူလတန်းအဆင့် Grade-4 သင်ရိုးသစ်နှင့် Grade-9 သင်ရိုးဟောင်း စာမေးပွဲ ဆိုင်ရာအလုပ်ရုံဆွ…
Nov 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်၌ အခြေခံပညာမူလတန်းအဆင့် Grade-4 သင်ရိုးသစ်နှင့် အလယ်တန်းအဆင့် Grade-9 သင်ရိုးဟောင်း စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ဟိုပုံးမြို့ တောင်ရပ်ကွက်ရှိ သီရိမင်္ဂလာဗိမာန်တွင် ကျင်းပကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လောက်ကိုင်မြို့၌ အခြေခံပညာမူလတန်းနှင့် အလယ်တန်းမြို့နယ်အဆင့် သင်္ချာ/အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲများကျင်းပ
Nov 20,2022
အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားလူငယ်များ ပညာသင်ကြားရာတွင် အင်္ဂလိပ်စာဘာသာစကား ဝေါဟာရ ကြွယ်ဝစေရေး၊ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားမှုစွမ်းရည်၊ အင်္ဂလိပ်စာဘာသာစကားပြော ကျွမ်းကျင်မှုစွမ်းရည်များ မြှင့်တင်ပေးနိုင်ရန် အတွက် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားတွေးခေါ်တတ်မှု၊ တီထွင်ကြံဆတတ်မှု၊ ထိုးထွင်းသိမြင်နိုင်မှု စွမ်းရည်များ မြှင့်တင်ရန်၊ ပြဿနာဖြေရှင်းနည်းလမ်းများကို ရှာဖွေဖန်တီးနိုင်ရန်အတွက် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ မြို့နယ်အဆင့် သင်္ချာ/အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17592
Page
17593
Page
17594
Page
17595
Current page
17596
Page
17597
Page
17598
Page
17599
Page
17600
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department