Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မွန်ပြည်နယ်ဝန်ကြီးချုပ် သံလွင်မြစ်အတွင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းခွဲ ငါးမျိုးစိုက်ထည့်သည့် အခမ်းအနားတက်ရောက်
Nov 23,2022
မွန်ပြည်နယ်အတွင်း ငါးသယံဇာတများ တိုးပွားစေရေး၊ ဒေသတွင်းငါးစားသုံးမှုဖူလုံစေရေးနှင့် ငါးစားသုံးမှုတိုးတက်စေရေးတို့ကို ရည်ရွယ်၍ သဘာဝမြစ်ချောင်း ရေပြင်ကျယ်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇:၃၀) အချိန်တွင် မော်လမြိုင်မြို့ ကမ်းနားလမ်း ဆိပ်ကမ်းသာတံတား၌ သံလွင်မြစ်အတွင်း ငါးသားပေါက် ကောင်ရေ တစ်သိန်းခွဲ ငါးမျိုးစိုက် ထည့်ခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်
Nov 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေ ရေးအတွက် စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို အခမဲ့ ငှါးရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ အချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို အခမဲ့ ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ပါးစပ်နှင့်နှာခေါင်းစည်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 23,2022
မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူများ အပြင်ထွက်သွားလာရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် လူတိုင်းပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်သွားလာနိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၈ နာရီက မိုင်းရယ်မြို့အဝင်ဂိတ်နှင့် မြို့လယ်ဘုရားရှေ့တို့တွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ် အမက(ကဘရန်ခူး)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Nov 23,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် ကဘရန်ခူးရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတို့ ပူးပေါင်းမှုဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲကို ယနေ့နံနက် ၁၁နာရီခွဲချိန်က အဆိုပါကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်တွင် ပုံပြင်ပြောနှင့် ကျပန်းစကားပြောပြိုင်ပွဲ၌ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ
Nov 23,2022
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပခဲ့သည့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်ရှိ အသက်(၅)နှစ်မှ (၁၁)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံ
Nov 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းနေ အရွယ်ကလေးများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၁)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား
အပြည့်အစုံ ဖတ်ရန်
"ဝ"အထူးဒေသ(၂)၊ နမ့်တစ်မြို့၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ စတင်ကွင်းဆင်း ဆောင…
Nov 23,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် "ဝ"အထူးဒေသ(၂)၊ နမ့်တစ်မြို့တွင် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား စတင်၍ ကွင်းဆင်းဆောင်ရွက်ပေးခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉) နာရီက နမ့်တစ်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Nov 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ငှက်ပျောတော ၌ ယနေ့နံနက်(၁၀)နာရီက စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17548
Page
17549
Page
17550
Page
17551
Current page
17552
Page
17553
Page
17554
Page
17555
Page
17556
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department