အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
Nov 23,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီ ရောင်းချခြင်းအား ယနေ့နံနက်၈နာရီ အချိန်မှ စတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။
Nov 23,2022
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးတို့အတွက် ပဲတီစိမ်းနှင့် နွေစပါးအထွက်နှုန်း ကောင်းစေရေး အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 23,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အတွင်းရှိ မြို့နယ်များမှ သတင်းရေးသားနေသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများအား ဖုန်းအသုံးပြု၍ ဗီဒီယိုရိုက်ကူးတည်းဖြတ်သင်တန်းကို  ယနေ့ နံနက် ၉ နာရီက သရက်ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဖွင့်လှစ် ပို့ချခဲ့သည်။
Nov 23,2022
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ အသိပညာပေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျောင်းရှိ ပါရဂူခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အထက(ပေါက်ခေါင်း) ရွှေရတုခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းတွင်း အာစရိယပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Nov 23,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မက်မန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်စေရန်ရည်ရွယ်၍ နှာခေါင်းစည်း mask အခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းလုပ်ငန်းများကို နိုဝင်ဘာ ယမန်နေ့ နံနက် (၈)နာရီက လူစည်ကားရာနေရာများတွင် ကျင်းပသည်။
Nov 23,2022
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက Physical Fitness Dance ကိုယ်ကာယလေ့ကျင့်‌မှုများ ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။