Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများ အတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲသင်တန်း ဆင်းပွဲအခမ်းအနားမ…
Nov 26,2022
တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူဆွေးနွေးပွဲ သင်တန်းဆင်းပွဲ ယမန်နေ့နံနက်ပိုင်းတွင် ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ မြောင်းမြပညာရေးဒီဂရီကောလိပ်နှင့် ဘိုကလေးပညာရေး ဒီဂရီကောလိပ်တို့၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေးဒီဂရီကောလိပ်အသီးသီးမှ ဆရာ/ဆရာများနှင့် တိုင်းရင်းသား ဘာသာစကား သင် ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးပညာရေးဒီဂရီကောလိပ် တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပ…
Nov 26,2022
မကွေးမြို့ မကွေးပညာရေးဒီဂရီကောလိပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ အတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ တက်ရောက်ပြီးမြောက်ကြောင်း လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက မကွေးပညာရေးဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်ကြားရေးဆရာ၊ဆရာမများနှင့် တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် အင်္ဂလိပ်စာနှင့်သင်္ချာ ဘာသာရပ် စွမ်းရည်ပြိုင်ပွဲကျင်းပ
Nov 26,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၅)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စက်ဘီးများ၊ အနှေးယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့်အညီ အန္တရာယ်ကင်းရှင်းစေရန် ရောင်ပြန်စတေကာပြားများ ဗိုလ်တထောင်မြို့နယ်တွင် အခမဲ့တပ်ဆင်ပေး…
Nov 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် မြို့နယ်အတွင်းရှိ စက်ဘီးများ၊ အနှေး ယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် အသိပညာပေးခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်မြို့နယ် အ. ထ.က(၆) ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ကျင်းပ
Nov 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်း ကျောင်းတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်က ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်
Nov 26,2022
မန္တလေးတိုင်းးဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်စေရန်၊ လူငယ်အချင်းချင်း အသိပညာ၊ အတတ်ပညာများ ဖလှယ်နိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေပြီး စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်တို့ကို ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၃၅) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်
Nov 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အခမ်းအနားအား ယမန်နေ့နံနက် ၁၀ နာရီက ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော စားသောက်ကုန်များ ရောင်းချနေမှု ရှိ/မရှိနှင့် ဈေးကွက်အတွင်း လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေး
Nov 26,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ စားသုံးရန် မသင့်ဟုထုတ်ပြန်ထားသောစားသောက် ကုန်များ ရောင်းချနေမှု ရှိ/မရှိ နှင့် ဈေးကွက်အတွင်း လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်စားသုံးသူဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့က ယမန်နေ့နံနက် ၉ နာရီခွဲက မြို့မဈေးအတွင်း ရောင်းချနေသည့် ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17476
Page
17477
Page
17478
Page
17479
Current page
17480
Page
17481
Page
17482
Page
17483
Page
17484
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department