Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
၂၀၂၂ ခုနှစ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ဖလား) ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျ…
Nov 26,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၏ အားကစားကဏ္ဍ ဖွံဖြိုးတိုးတက် ရေးနှင့် ထူးချွန်သော ရွက်ပုန်းသီး ဘောလုံးအားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (ဖလား) ရပ်ကွက်/ကျေးရွာ ပေါင်းစုံ အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့မ အားကစား ကွင်း၌ စည်ကားသိုက် မြိုက်စွာ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ နွေစပါးစိုက်ပျိုးရာသီတွင် အကျိုးတူလယ်ယာစနစ် ပူးပေါင်းဆောင်ရွက်နိုင်ရေး အစည်းအဝေးကျင်းပ
Nov 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ကျေးရွာအုပ်စုများက နွေစပါးစိုက်ပျိုးမည့် တောင်သူများ သွင်းအားစုလုပ်ငန်းများ လိုအပ်ချက်မရှိစေရေးအတွက် အကျိုးတူလယ်ယာစနစ်ဖြင့် နွေစပါးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း(၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကျင်းပ
Nov 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း(၁/၂၀၂၂)ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက ပင်လုံလမ်းရှိ မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ကျောင်းများသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Nov 26,2022
ကျောင်းသား၊ ကျောင်းသူလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ပညာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် စာငှား၊ စာဖတ် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လည် ၁နာရီ အချိန်က အတ္တရံမြို့သစ် မူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူမ…
Nov 26,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင် စီမံကိန်း(ဆီထွက်သီးနှံ) စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နေမှု အခြေအနေများကို၊ ယမန်နေ့ နံနက် (၁၀)နာရီက ညောင်ဦးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ကျောက်ပန်းတောင်းမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆောင်းနေကြာ စိုက်ပျိုးထားရှိသည့်၊ တောင်ပေါ်မြောက်ကျေးရွာနှင့် ကျောက်တံခါး ကျေးရွာများသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆွေးနွေး
Nov 26,2022
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့ အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(မတ္တရာ) တွင် ယနေ့နံနက် ၇ နာရီက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် စစ်ကြောင်း(၅) ကြောင်းမှ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ် ကံရွာကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များဆွေးနွေး
Nov 26,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် နတ်စင်ကုန်း ကျေးရွာအုပ်စု၊ ကံရွာကျေးရွာ ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်း စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေးပြီး…
Nov 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ်ကျောင်း ဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းသား၊ကျောင်းသူများ အိပ်ဆောင်ပတ်ဝန်းကျင်တို့အား သန့်ရှင်းသပ် ရပ်စေရေးတို့အတွက် ခြင်များပေါက်ပွားနိုင်သည့် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ကျန်းမာရေးကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးတို့အတွက် သန့်ရှင်း ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17475
Page
17476
Page
17477
Page
17478
Current page
17479
Page
17480
Page
17481
Page
17482
Page
17483
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department