အမြို့မြို့အနယ်နယ်သတင်းများ

Dec 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပညာအောင်မြေကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဆောင်းရာသီကျောင်းတွင်း အားကစားပြိုင်ပွဲများပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ အားကစားကွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 02,2022
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကရင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍  ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ဂုဏ်ပြုသောအားဖြင့် မသန်စွမ်းသူများ ဘီးတပ်ကုလားထိုင် ဘက်စကက်ဘော (Wheelchair Basketball) အား ကစားပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခန့်က လှာကမြင်ကျေးရွာအုပ်စု၊ တဝန်သံကျေးရွာရှိ ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန၌ ကျင်းပသည်။
Dec 02,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပညာရေးဌာနမှကြီးမှူး ကျင်းပပြုလုပ်သော အသက်၁၈နှစ်အောက် မြို့နယ်အဆင့်‌ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂ ရက်‌နေ့နံနက် ၈ နာရီက၊ မြို့နယ်အားကစားကွင်းနှင့် မင်းလှအခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 02,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကို ယနေ့နံနက် ၉ နာရီအချိန် တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
Dec 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် နမ့်ယွန်းကျေးရွာ တန်(၄၀)အဆင့်မြင့် ဆန်စက်၌ ဆန်များ စျေးကွက်တွင် ရောင်းချနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပကြောင်း သိရသည်။