ဝါးခယ်မ ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကို ယနေ့နံနက် ၉ နာရီအချိန် တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ရီရီလွင်မှ စားသုံးသူအခွင့်အရေးများ၊ ဈေးကွက်အတွင်းကုန်စည်နှင့်ဝန်ဆောင်မှုအရ ဥပဒေများ ဆောင်ရွက်နေမှုများကိုဆွေနွေးတင်ပြရာ စားသုံးသူရေးရာဦးဌာနမှ မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုးမှ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်ကို မတ်လ ၁၅ ရက်နေ့တွင်ထုတ်ပြန်ပြီး ထိုဥပဒေအရ အခန်း ၆ ပုဒ်မ ၁၅ အရ စစ်ဆေးရေးတာဝန်များ၏လုပ်ငန်း ၁၁ ချက်အရ ဈေးကွက်ကို စစ်ဆေးရခြင်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စားသုံးသူများကို ကာကွယ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြရာတွင် စားသုံးသူရေးရာ ဥပဒေပါ အခန်း ၆ ပုဒ်မ ၁၅ (ခ)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိကို စစ်ဆေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးပုဒ်မ ၄၁ အရ ကုန်စည်၏အမှတ်အသား၊ ကုန်အမျိုးအမည်အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းစည်းမှု အညွှန်းသုံးစွဲမှုနည်းလမ်းများ၊ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ ထုတ်လုပ်မှုအမှတ်စဉ်များ၊ ပြည်တွင်းထုတ်တင်သွင်း သောကုန်စည် ဖြစ်ပါက တင်သွင်သူအမည်နှင့်လိပ်စာ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာပါရှိခြင်း၊ ထုတ်လုပ်သည့်နေရာ(သို့)ပြည်ပမှကုန်စည်များတင်သွင်းပြီးပြန်လည်ထုတ်ပိုးသည့်နေရာ၊ ကုန်စည်တွင်ပါရှိသောကုန်ကြမ်းပစ္စည်း အမျိုးအမည်ထွက်ပစ္စည်းများ၏ပမာဏ ပါဝင်မှုအမျိုးအစားများ၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုးနှင့် ဓာတ်မတည့်ကြောင်းကြိုတင်သတိပေးစားများ၊ သက်ဆိုင်ရာ အစိုးရဌာနများကဖော်ပြရန် အချက်အလက်များပါဝင်ကြောင်း အပြန်အလှန်ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။
ဟိန်းထက်လင်း ဝါးခယ်မ (ပြန်/ဆက်)