အမြို့မြို့အနယ်နယ်သတင်းများ

Dec 15,2022
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၄)ရပ်ကွက်၊ အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်၊ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပသည်။
Dec 15,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အသေးစားစက်သုံးဆီပန့်ဆိုင် လုပ်ငန်းရှင်များအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Dec 15,2022
မွန်​ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်​ကြား​နေသည့် ကျောင်းသား/ သူများ၊ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ မလိုလားအပ်သည့် သဘာဝဘေးအန္တရာယ်များနှင့် မီးလောင်မှုမဖြစ်ပေါ်စေရေးအတွက် ပညာ​ရေးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြီး၊ ယမန်နေ့ မွန်းလွဲအချိန်က၊ ချောင်းဆုံမြို့နယ်၊ မုရစ်​ကြီး(မူလွန်)အခြေခံပညာကျောင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာ​ပေးဟော​​ပြောခြင်းနှင့် လက်တွေ့သရုပ်ပြမှုများ​ပြုလုပ်​ပြသခဲ့ကြောင်း သိရသည်။
Dec 15,2022
(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုကသောအားဖြင့် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် မြို့စည်ပင် သာယာရေးအဖွဲ့၏ အမှတ်(၁)ရပ်ကွက်ရှိ ငုဝါလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါလမ်းမုခ်ဦးရှေ့၌ ကျင်းပခဲ့သည်။
Dec 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ အမှတ်(၁)အ​​ခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပသည်။
Dec 15,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် (ပြန်/ ဆက်၊ အား/ ကာ)ဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီကချောင်းဆုံမြို့နယ် မုရစ်ကြီး(မူလွန်)ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
Dec 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသည် ကျေးလက်ကုန်ထုတ်လမ်း၊ ရေပေးရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့၊ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။
Dec 15,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် သဲကန်ကျေးရွာအုပ်စု၊ သဲကန်ကျေးရွာ ဒေသခံပြည်သူများတွေ့ဆုံ ဆွေးနွေးပွဲကိုဒီဇင်ဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ သာသနာ့ရက္ခိတဗိမ္မာန်၌ ကျင်းပခဲ့ကြောင်း သိရသည်။